Pages

Thursday, October 25, 2012

ပွင့်လင်းရာသီတွင် ခရီးသွား ဦးရေမြင့်တက် ခရီးသွားလုပ်ငန်းဆိုင်ရာ Web Portal စတင်အသုံးပြုနိုင်




ရန်ကုန် ၊ ၂၅-၁၀-၂၀၁၂

မြန်မာနိုင်ငံတွင် အောက်တိုဘာလမှ စ၍ ရွှေကျင်မီးမျှောပွဲ ၊ အင်းလေး ဖောင်တောင်ဦး ဘုရားပွဲ ၊ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်များ ကြောင့် ခရီးသွား ဦးရေ မြင့်မားလာကြောင်း ခရီးသွား လုပ်ငန်းများမှ သိရသည်။

မြန်မာ့ ခရီးသွား လုပ်ငန်းတွင် အဆင်ပြေစွာ အသုံးပြုနိုင်ရေး အတွက် Oway ကုမ္ပဏီက Travel Web Platform တစ်ခုကို စတင် အသုံးပြုနိုင်ရန် ၀န်ဆောင်မှု ပေးနေပြီ ဖြစ်သည်။ ပြည်တွင်း အခြေစိုက် နိုင်ငံခြားသား ဧည့်သည်များ အနေဖြင့် ၄င်းတို့ နိုင်ငံမှာပင် ကြွေးဝယ်ကတ်များကို အသုံးပြု၍ Web Platform အတွင်း အရေအတွက် ရာနှင့်ချီသော လေကြောင်းလိုင်းများ လက်မှတ် ၊ ဟိုတယ် ၊ စားသောင်ဆိုင် နှင့် အခြား ၀န်ဆောင်မှု များအား စိတ်ကြိုက် ရွေးချယ် ၀ယ်ယူနိုင်ပြီ ဖြစ်ကြောင်း Oway ကုမ္ပဏီမှ သိရသည်။

Web Portal အနေဖြင့် ပြည်ပ ခရီးသွားများ သာမက ပြည်တွင်း ခရီးသွားများပါ ခရီးသွား အေးဂျင့်များမှ တစ်ဆင့် ဈေးနှုန်းကြီးမြင့်မှုကို ရှောင်ရှားနိုင်ရန် သုံးစွဲနိုင်ကြောင်း သိရသည်။ လာမည့်လ အနည်းငယ် အတွင်း Online Banking စနစ်ဖြင့် အသုံးပြုနိုင်ရန် ဧရာဝတီဘဏ် ၊ ကမ္ဘောဇဘဏ် နှင့် အေဂျီဒီဘဏ် တို့ဖြင့် ချိတ်ဆက်ထားပြီး Oway ၏ ကြိုတင်ငွေပေး ကူပွန်များကို Capital ၊ ဂန္ဓာမာ နှင့် Ruby Mart တို့တွင် ဈေးဝယ်ယူ နိုင်ကြောင်း Web Portal မှာ www.oway.com.mm ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment