Pages

Thursday, October 25, 2012

ကျိုက္ကဆံ လူငယ်လေ့ကျင့်ရေးကွင်းကို အားကစားရွာကြီး အဖြစ် ပြုပြင်တော့မည်




ရန်ကုန် ၊ ၂၅-၁၀-၂၀၁၂

၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက် ကျိုက္ကဆံ လူငယ် လေ့ကျင့်ရေး ကွင်းကို အားကစားရွာကြီး အဖြစ် ပြုပြင် တည်ဆောက်ရန် ဂျပန်နိုင်ငံက ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းကြီး တစ်ခုနှင့် တွေ့ဆုံ ညှိနှိုင်း နေကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ ACT ဖောင်ဒေးရှင်းသည် အားကစား ၀န်ကြီးဌာန၏ ခွင့်ပြုချက်အရ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းတစ်ခုနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ အားကစားရွာ တည်ဆောက်ရေး အတွက် ကျပ်ငွေ ဘီလျံချီ၍ ကုန်ကျနိုင်ကြောင်း ၊ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး ဒီဇိုင်းပုံစံကို မြန်မာပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းဘက်မှ ရေးဆွဲမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment