Pages

Thursday, October 4, 2012

ရန်ကုန်မြို့တော်စည်ပင် e-Application စနစ် အသုံးနိုင်ရန် စီစဉ်




ရန်ကုန် ၊ ၄-၁၀-၂၀၁၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် နိုင်ငံတော်အစိုးရ၏ e-Government စနစ် ဖြစ်ထွန်းပေါ်ပေါက်စေရေး ဦးဆောင်မှုအောက်တွင် ပထမခြေလှမ်း အနေဖြင့် I-Office 2010 သင်တန်း အမှတ်စဉ် (၁)၊ (၂) နှင့် Web Builder (Static website Advance) သင်တန်းအမှတ်စဉ် (၁) သင်တန်းများ ကဲ့သို့ e-Application သင်တန်းကို ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ခေတ်သည် သတင်းအချက်အလက် နည်းပညာများ လျင်မြန်စွာ တိုးတက်သည့် ခေတ်ဖြစ်ပြီး အစိုးရရုံး ၊ ကုမ္ပဏီများတွင် ကွန်ပျူတာ e-Mail နှင့် Internet ကို ချိတ်ဆက် အသုံးပြုလာကြပြီ ဖြစ်ကြောင်း ၊ ကမ္ဘာ့နိုင်ငံ အချို့တွင် အစိုးရက ထုတ်ပြန်လေ့ရှိသည့် သတင်းအချက်အလက်များ ဆောင်ရွက်ပေးနိုင်သည့် ၀န်ဆောင်မှု လုပ်ငန်းများ သိကောင်းစရာ ဗဟုသုတ အဖြာဖြာများကို ပြည်သူများထံ အကျိုးရှိရှိ ထိထိရောက်ရောက် နှင့် လျင်လျင်မြန်မြန် ဖြန့်ဝေပေးနိုင်ရန် အင်တာနက် ကွန်ယက်စနစ်ကို အသုံးပြုသော e-Government စနစ်ကို အကောင်အထည်ဖော် နေကြပြီဖြစ်၍ ပြည်သူများအတွက် ၀န်ဆောင်မှု ပေးရာတွင် ၀န်ထမ်းများ အနေဖြင့် မှန်ကန်မြန်ဆန်သည့် ကျွမ်းကျင်မှုရှိမှသာ နိုင်ငံတော် နှင့် ပြည်သူများအတွက် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ကြောင်း သင်တန်းဖွင့်ပွဲတွင် ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။


အဆိုပါ သင်တန်းများသို့ သင်တန်းသား ၊ သင်တန်းသူ ၁၅၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ တစ်လခွဲ ကြာမြင့်မည် ဖြစ်သည်။ ခေတ်နှင့်လျော်ညီသော သတင်းအချက်အလက် နည်းပညာရပ်များ ဖြစ်သည့် ICT ပညာရပ်များအား ၀န်ထမ်းများ သိရှိနားလည်ပြီး ကွန်ပျူတာ နည်းပညာများ ထိထိရောက်ရောက် အသုံးပြု တတ်စေရန် နှင့် နိုင်ငံတော်မှ e-Government စနစ် ဖြစ်ထွန်းပေါ်ပေါက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းအား အထောက်အကူ ပြုစေရန် ရည်ရွယ်၍ အဆိုပါ သင်တန်းများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရှိရသည်။

No comments:

Post a Comment