Pages

Thursday, October 4, 2012

ပုဂ္ဂလိက လေယာဉ်မောင်းသင်ကျောင်း ပုသိမ်မြို့လေဆိပ်တွင် ဖွင့်လှစ်ခွင့်ရရေး တင်ပြထား




ရန်ကုန် ၊ ၄-၁၀-၂၀၁၂

ပုဂ္ဂလိက လေယာဉ်မောင်း သင်တန်းကျောင်းအား လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ဖွင့်လှစ်ခွင့်ရရန် Myanmar Aviation Academy က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားကြောင်း သိရသည်။

လေယာဉ်မောင်းသင်တန်းကျောင်းကို လေကြောင်းပျံသန်းမှုနှင့် လေကြောင်းပညာရပ်များအား ပြည်တွင်း၌ ပင် လွယ်ကူစွာ သင်ကြားနိုင်ရန် ၊ အိမ်နီးချင်း နှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများမှ သင်တန်းသားများအား လက်ခံ သင်ကြားပေးနိုင်သည့် နိုင်ငံတကာ အဆင့်မီ လေကြောင်းအကယ်ဒမီ တစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ၊ Myanmar Aviation Academy ရုံးချုပ်ကို ရန်ကုန်မြို့တွင် ထားရှိမည်ဖြစ်ပြီး လေယာဉ်မောင်း သင်ကျောင်းအဖြစ် ပုသိမ်လေဆိပ်ဝင်းကို အသုံးပြုကာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ အသက် ၁၇ နှစ်ပြည့်ပြီးသူ ကျား/မ မည်သူမဆို အခြေခံပညာ အထက်တန်းတွင် သင်္ချာနှင့် သိပ္ပံဘာသာရပ် တစ်ခုခု၌ ဂုဏ်ထူးဖြင့် အောင်မြင်ထားသူ (သို့မဟုတ်) GCSE A Level အောင်မြင်ထားသူ (သို့မဟုတ်) ယင်းတို့နှင့် ညီမျှသော အရည်အချင်းနှင့် ကိုက်ညီသူ ၊ လေကြောင်းဆေးပညာဆိုင်ရာ ကျန်းမရေး စစ်ဆေးမှုတွင် A1G1 အဆင့်ရှိသူ ၊ အင်္ဂလိပ်စာ 4 skill test အောင်မြင်ထားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

သင်တန်းကာလမှာ လ ၂၀ ခန့်ကြာမြင့်မည်ဖြစ်ပြီး Austria နိုင်ငံထုတ် Diamond NG 40 နှင့် Diamond NG 42 လေယာဉ်များအား သင်ကြားရေး လေယာဉ်အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment