Pages

Wednesday, October 10, 2012

ပြည်သူ့ဆေးရုံကြီး များတွင် အသုံးပြုရန် CT ဓာတ်မှန်စက်များ ၀ယ်ယူမည်




Bright Speed Elite 16 Slice CT
ရန်ကုန် ၊ ၁၀-၁၀-၂၀၁၂

ကျန်းမာရေး ၀န်ကြီးဌာနမှ ရန်ကုန် ၊ မန္တလေး နှင့် အခြားမြို့ကြီးများရှိ ပြည်သူ့ဆေးရုံ ကြီးများတွင် အသုံးပြုရန် CT ဓာတ်မှတ်စက်များ ၀ယ်ယူ သွားမည်ဟု သိရသည်။ ယင်း စက်ပစ္စည်းအား အမေရိကန် အခြေစိုက် General Elevtric Company ၏ လက်အောက်ခံ ကုမ္ပဏီ တစ်ခုဖြစ်ပြီး GE Pacific ၏ ဌာနခွဲ တစ်ခုဖြစ်သော GE Health Care မှ မြန်မာပြည် တရားဝင် ကိုယ်စားလှယ် ဖြစ်သည့် Sea Lion Co., Ltd မှတစ်ဆင့် ၀ယ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။



Optima CT 660 128 Slice CT

GE Health Care မှ Optima CT 660 128 Slice CT နှစ်ခုနှင့် Bright Speed Elite 16 Slice CT ၅ ခုကို ပြည်သူ့ ဆေးရုံကြီးများတွင် တပ်ဆင်ရန် စီစဉ်ထားကြောင်း နှင့် ယင်းစက်များသည် ဓာတ်ရောင်ခြည် သင့်မှု အနည်းဆုံး ၊ အဆင့်မြင့် ပုံရိပ်ဖော် ရောဂါရှာဖွေရေး နည်းပညာများကို ပေးစွမ်း နိုင်ကြောင်း Optima CT 660 128-Slice CT စက်နှစ်ခုကို သင်ကြားရေး ဆေးရုံကြီး နှစ်ခု၌ တပ်ဆင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment