Pages

Wednesday, October 10, 2012

ကာတာ လေကြောင်းလိုင်း မြန်မာနိုင်ငံတွင် နေ့စဉ်ပြေးဆွဲမည်




ရန်ကုန် ၊ ၁၀-၁၀-၂၀၁၂

ဒိုဟာ - ရန်ကုန် ခရီးစဉ်ကို အောက်တိုဘာလ ၂၈ ရက်မှ စတင်ကာ နေ့စဉ် ပြေးဆွဲပေးမည် ဖြစ်ကြောင်း ကာတာ လေကြောင်းလိုင်းမှ သိရသည်။

ယင်းလေကြောင်းလိုင်းသည် အာဆီယံနိုင်ငံများ ဖြစ်သည့် ကွာလာလမ်ပူ ၊ ဘာလီ ၊ ဟိုချီမင်း ၊ ဂျကာတာ ၊ ဘန်ကောက် ၊ ဟနွိုင်း ၊ စင်ကာပူ ၊ မနီလာ ၊ ဖူးခက် လေဆိပ်များအား ဆက်လက် ထွက်ခွာ ဆင်းသက် လျက်ရှိရာ ရန်ကုန် လေဆိပ်သည် ဒသမမြောက် ဆင်းသက်သည့် လေဆိပ်ဖြစ်ကြောင်း သိရသည်။

ကာတာလေကြောင်းလိုင်းသည် ဒိုဟာ - ရန်ကုန် ခရီးစဉ်အတွက် Business Class ၈ ခုံနှင့် Economy Class ၁၀၂ ခုံ ပါဝင်သည့် Airbus A 319 လေယာဉ်ဖြင့် ပျံသန်း ပြေးဆွဲ ပေးမည် ဖြစ်သည်။ ကာတာ လေကြောင်းလိုင်းကို ၁၉၉၄ ခုနှစ်က ဒေသတွင်း လေကြောင်းလိုင်း တစ်ခုအဖြစ် စတင် ပျံသန်းပြေးဆွဲ ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ စတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်း အဖြစ် ပျံသန်း ပြေးဆွဲခဲ့သော လေကြောင်းလိုင်း တစ်လိုင်း ဖြစ်ကြောင်း ၊ ရန်ကုန် - ဒိုဟာ ခရီးစဉ်မှ ဥရောပ ၊ အရှေ့အလယ်ပိုင်း ဒေသ ၊ အာဖရိက နှင့် အမေရိကတိုက် များသို့ပါ ချိတ်ဆက် ပြေးဆွဲရန် အစီအစဉ် ရှိကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment