Pages

Tuesday, October 9, 2012

ကြည့်မြင်တိုင်မြို့နယ်တွင် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ




ရန်ကုန် ၊ ၉-၁၀-၂၀၁၂

ရန်ကုန် အနောက်ပိုင်း ခရိုင် ၊ ကြည့်မြင်တိုင် မြို့နယ်တွင် ယမန်နေ့ နံနက် ၈ နာရီခွဲက နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) ကမ္ဘာအေးမှ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အာဒိစ္စ ဘိဝံသ ဆရာတော် အမှူးပြုသော သံဃာတော် အပါး (၁၀၀)ကျော် တို့အား မြို့နယ်လုံးကျွတ် ပိဏ္ဍပတ် ဆွမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွမ်းလောင်းလှူပွဲ ကျင်းပရာသို့ ကြည့်မြင်တိုင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ အုပ်ချုပ်ရေးမှူး ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ နှင့် ရပ်ကွက် ၂၂ ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ အလှူရှင်များ ၊ ဈေးကြီးအရှေ့ ၊ အနောက်ရပ်ကွက် မှ ဆွမ်းအလှူရှင်များ စုပေါင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြရာ အလှူတော်ငွေနှင့် လှူဘွယ်ဝတ္ထုများ ဆွမ်းဆန်တော် အိတ်များ ၊ စုစုပေါင်း ကျပ် ၂၉၅၀၅၀၀ တန်ဖိုးရှိ လှူဘွယ် ၀တ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment