Pages

Tuesday, October 9, 2012

ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ရန်ကုန်တွင် ကျင်းပမည်




ရန်ကုန် ၊ ၉-၁၀-၂၀၁၂

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးကို အောက်တိုဘာလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ၊ လျှပ်စစ် ၊ သတ္တုတွင်း ၊ ဗဟိုဘဏ် နှင့် နိုင်ငံခြား ကုမ္ပဏီများ တက်ရောက် ကြမည် ဖြစ်သည်။ အစည်းအဝေးတွင် သတ္တုတွင်းထွက် ကဏ္ဍ ၊ လျှပ်စစ် စွမ်းအား ကဏ္ဍ ၊ ဆက်သွယ်ရေး ကဏ္ဍ ၊ ဆိပ်ကမ်းလုပ်ငန်း ၊ ဘဏ်လုပ်ငန်း ၊ စိုက်ပျိုးရေး ၊ အိုးအိမ် နှင့် အထွေထွေ ကိစ္စရပ်များ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးကို စင်ကာပူနိုင်ငံ အခြေစိုက် Centre for Management Technology _ CMT မှ ဦးဆောင် ကျင်းပမည် ဖြစ်ပြီး မြန်မာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံ နိုင်မည့် အခွင့်အလမ်းများကို အဓိကထား ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကို ယခုအကြိမ် ကျင်းပခြင်းမှာ ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ် အစည်းအဝေးကို ၂၀၁၂ ခုနှစ် ၊ ဇွန်လက ကျင်းပခဲ့ပြီး ဖြစ်သည်။ ပထမအကြိမ် ထိပ်သီး အစည်းအဝေးပွဲသို့ နိုင်ငံခြား ကုမ္ပဏီပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ကုန်အထိ နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၄၁ ဒသမ ၀၈၆ ဘီလျံ ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment