www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label မြန်မာ့ရိုးရာလက်ဝှေ့. Show all posts
Showing posts with label မြန်မာ့ရိုးရာလက်ဝှေ့. Show all posts

Wednesday, December 26, 2018

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲနှင့် မြန်မာပြည် အမျိုးသမီး ချန်ပီယံ ရွှေခါးပတ်လုပွဲကျင်းပမည်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲနှင့်  မြန်မာပြည် အမျိုးသမီး ချန်ပီယံ ရွှေခါးပတ် လုပွဲကျင်းပ မည်
-
နေပြည်တော်  ဒီဇင်ဘာ  ၂၅ 
-
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူး၍ VICTORY  Myanmar Group Co.,Ltd. မှ အဓိကကူညီပံ့ပိုးပြီး MMAG ကစီစဉ် ကျင်းပသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲနှင့် မြန်မာပြည် အမျိုးသမီးချန်ပီယံရွှေခါးပတ်လုပွဲကိုတောင်ငူမြို ကေတုမတီ  မိုးလုံလေလုံ အားကစား ခန်း မ၌ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၂ာရီတွင်ကျင်းပမည်ဖြစ်ကြောင်း   မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ထံမှ သိရသည်။ 
-
အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကြီးနှင့်   မြန်မာပြည် အမျိုးသမီး ချန်ပီယံ ရွှေခါးပတ်ပြိုင်ပွဲကြီးတွင် အဓိကတွဲ ဆိုင်း အဖြစ် ဘရောနီကာ(မြန်မာ)နှင့်  နောင့်အော်(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ ထို့နောက်  ငါးချီအထူးစိန်ခေါ်ပွဲအဖြစ် နေရူဘီ (မြန်မာ)နှင့် ဝီထရာ(ထိုင်း)၊ လမ်းမယူ (မြန်မာ)နှင့် ချိုင်ပူရီ(ထိုင်း)၊ နိုင်ဝင်း ထွန်း (ရာမညအားမာန်)နှင့် အောင်သက်ကို (ဗမာ့သွေး)၊ စစ်မင်း(ရာမညအားမာန်နှင့် ငွေနန်းတော် (ဗမာ့သွေး)တို့က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 
-
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးနှင့် မြန်မာပြည်အမျိုး သမီးချန်ပီယံ ရွှေခါးပတ် လုပွဲကြီးကို ရုံဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ရိုးရိုးတန်း ငွေကျပ် ၄ဝဝဝ နှင့်အထူးတန်း ငွေကျပ် ၆ဝဝဝ သတ်မှတ်ထားကြောင်းသိရသည်။ 
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 17, 2018

မြန်မာပြည် အလွတ်တန်း ချန်ပီယံ စိန်ခေါ်ပွဲ ထွန်းထွန်းမင်းနှင့် ဒေ့ဗ် သရေကျ

မြန်မာပြည် အလွတ်တန်း ချန်ပီယံ စိန်ခေါ်ပွဲ ထွန်းထွန်းမင်းနှင့်  ဒေ့ဗ် သရေကျ
-
ရန်ကုန်   ဒီဇင်ဘာ ၁၆
-
မြန်မာမီဒီယာဂရုက ကြီးမှူးကျင်းပသည့် AIR KBZ Grand Final ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ ထွန်းထွန်းမင်းနှင့် ဒေ့ဗ် တို့၏ ချန်ပီယံစိန်ခေါ်ပွဲတွဲဆိုင်းမှာ အရှုံး အနိုင်မပေါ်ဘဲ ပူးတွဲသရေ ရလဒ်သာ ထွက်ပေါ်ခဲ့သည်။
-
ထွန်းထွန်းမင်းသည် ဒေ့ဗ်ထံမှ မြန်မာပြည် အလွတ်တန်း ချန်ပီယံဘွဲ့ကို ပြန်လည် ရယူလိုသောကြောင့် စိန်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း ငါးချီ အထိ အလဲထိုးနိုင်ခဲ့ခြင်း မရှိဘဲ ပူးတွဲသရေ ရလဒ်ဖြင့်သာ ပြီးဆုံးခဲ့ခြင်းဖြစ်ပြီး ဒေ့ဗ်မှာ ချန်ပီယံ ဆုကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့သည်။ ထွန်းထွန်းမင်းသည် ပထမအချီနှင့်ဒုတိယအချီတွင် ဒေ့ဗ်၏ တံတောင်ရိုက်ချက်များကြောင့် ထိုးသတ်ရန် အခက်အခဲ တွေ့ခဲ့ပြီး အနားတောင်း ခဲ့ရသည်အထိ အထိနာခဲ့သည်။ တတိယအချီတွင် ထွန်းထွန်းမင်း ထိုးသတ်ပုံပြောင်းလဲခဲ့ပြီး ဒေ့ဗ်၏အမှားကိုစောင့်ကာ တန်ပြန်တိုက်စစ် ပုံစံကို ပြောင်းလဲခဲ့သည်။   
-
အထူးသဖြင့် ထွန်းထွန်းမင်း၏ ဘယ်ညာဝိုက်လက်သီးများက  ဒေ့ဗ်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး လူချင်းအပူးတွင် အသုံး ပြု ခဲ့သော ပင့်လက်သီးများကလည်း ဒေ့ဗ်ကိုအခက်တွေ့စေခဲ့သည်။ စတုတ္ထအချီနှင့် နောက်ဆုံးအချီတွင် လက်ရှိ ချန်ပီယံ ဒေ့ဗ်က ထွန်းထွန်းမင်းကို အလဲထိုးရန်မကြိုးစားတော့ဘဲ သရေရလဒ်ဖြင့်သာ အဆုံးသတ်ရန် ကြိုးပမ်းခဲ့သည်။
-
ထို့ကြောင့် ငါးချီပြီးဆုံးချိန်အထိ နှစ်ဦးစလုံးအလဲထိုး နိုင်ခြင်းမရှိဘဲ ပူးတွဲသရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ အမျိုး သမီးချန်ပီယံဆုချီးမြှင့်မည့်  အခြားတွဲဆိုင်းတွင် ဘရော်နီကာ (မြန်မာ)နှင့် ဟုန်ထောင်း (ထိုင်း)တို့      ယှဉ်ပြိုင် ထိုးသတ် ရာ ပူးတွဲ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် ထွန်းမင်းလတ်(မြန်မာ)နှင့် တိုခဲရှိ(ဂျပန်)တို့၏ တွဲဆိုင်းတွင် ထွန်းမင်းလတ်သည် တိုခဲရှိဖိအားပေးမှုကို ဆက်တိုက် နီးပါးခံခဲ့ရသောကြာင့် အနားတောင်းခဲ့ပြီး တတိယအချီတွင်တိုခဲရှိက ထွန်းမင်းလတ်ကို အလဲထိုးဖြင့် အနိုင်ရ ရှိခဲ့သည်။ 
-
ဗျဂ္ဃ(မြန်မာ)နှင့် ဝိထရာ (ထိုင်း)တို့၏ တွဲဆိုင်းတွင် ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့ပြီး ဗျဂ္ဃ၏ လက်သီး ချက်ကြောင့် ဝိထရာ နဖူးကွဲခဲ့သည်။ စောဒါဝိတ်(မြန်မာ)နှင့် မာမွတ်(အီရန်)တို့ပွဲစဉ်တွင် စောဒါဝိတ်က လက်ရေ အသာဖြင့် အနိုင် ထိုးသတ်သည်။ အလားတူ အောက်ချင်းလေးနှင့် အင်းသားတို့ တွဲဆိုင်းတွင် အောက်ချင်းလေးက အင်းသားကို ပွဲစဉ်တစ်လျှောက်၌ ဖိအား ပေးနိုင်ခဲ့ပြီး အစီး သရေဖြင့် အသီးသီး ထိုးသတ်နိုင်ခဲ့သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 10, 2018

ကရင် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ် ပွဲကျင်းပမည်

ကရင် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ် ပွဲကျင်းပမည်
-
အိမ်မဲ ဒီဇင်ဘာ ၉
-
ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နှင့် ၅ ရက်တို့တွင် ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စု ကျေးရွာ၌ ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။
-
ဇန်နဝါရီ ၄ ရက် ည ၇ နာရီတွင် စတင်ယှဉ်ပြိုင်မည့် ပထမနေ့ပွဲစဉ်များ၌ ငါးချီပွဲသုံးပွဲအဖြစ် ယှူးခလိန်းမင်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ)နှင့် လက်သီးမိုး (ရွှေသထုံ/ သထုံ)၊ အောင်ထက် (မြိုင်ကလေး ဘိလပ်မြေစက်ရုံ)နှင့် အောင်ကျော်ဟိန်း (တိုက်ဂါး/ဘားအံ)၊ ဆလိုင်းချမ်းမြေ့ကို (ရေဘွှားလား/ ဘားအံ) နှင့် ရဲသွေးအောင် (အဖြူရောင်သွေးသစ်/ ရန်ကုန်) တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ လေးချီပွဲများတွင် သားဒိန်း (ဖိုးရာဇာ/ ရန်ကုန်)နှင့် ချိုထူးအောင် (ဓမ္မဟေဝန်/ ဘုရားသုံးဆူ)၊ သိန်းစိုး (အဖြူရောင်သွေးသစ်) နှင့် ရွှေမိုးပျံ (ရွှေသထုံ/သထုံ)တို့ပွဲစဉ်များ ယှဉ်ပြိုင်မည်ဖြစ်ကာ အမျိုးသမီး လေးချီပွဲ အဖြစ် မာရီးနား(ခြင်္သေ့မင်း)နှင့် သော်နေထူး (ဇာနည်မောင်)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
-
တခြားသုံးချီစိန်ခေါ်ပွဲအဖြစ် ကျောက်ရိုင်း (ဓမ္မဟေဝန်/ဘုရားသုံးဆူ)နှင့် ဟိန်းထွဋ်ကျော် (ဥဿမင်း/ပဲခူး)၊ ရှိုင်းကိုကို(ဥဿမင်း/ပဲခူး)နှင့် ရဲကျော်သူ (RAY) တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ဒီဇင်ဘာ ၅ ရက်ညပွဲစဉ်များတွင် စောဆဝါး (ဒို့ရိုးရာ/သထုံ)နှင့် ပိုက်ထွေး(ရွှေသထုံ/ သထုံ)၊ ကောင်း ကောင်း (မြိုင်ကလေး ဘိလပ် မြေစက်ရုံ)နှင့် ထွန်းလင်းအောင် (ဒို့ရိုးရာ/ သထုံ)၊ ကျော်နိုင်(တိုက်ဂါး/ ဘားအံ) နှင့် စည်သူအောင် (ရွှေဘားလား/ဘားအံ)တို့၏ ငါးချီ စိန်ခေါ်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။
-
ဒီဇင်ဘာ ၅ ရက်ညပွဲစဉ်များတွင် စောဆဝါး (ဒို့ရိုးရာ/သထုံ)နှင့် ပိုက်ထွေး(ရွှေသထုံ/ သထုံ)၊ ကောင်း ကောင်း (မြိုင်ကလေး ဘိလပ် မြေစက်ရုံ)နှင့် ထွန်းလင်းအောင် (ဒို့ရိုးရာ/ သထုံ)၊ ကျော်နိုင်(တိုက်ဂါး/ ဘားအံ) နှင့် စည်သူအောင် (ရွှေဘားလား/ဘားအံ)တို့၏ ငါးချီ စိန်ခေါ်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ပြင် တခြားသော လေးချီစိန်ခေါ်ပွဲ တစ်ပွဲနှင့် သုံးချီစိန်ခေါ်ပွဲတစ်ပွဲအပြင် စိန်တစ်ပွင့်( ဇာတိမာန်/ ရန်ကုန်)နှင့် ငြိမ်းအိ (တိုက်ဂါး/ဘားအံ) တို့၏ အမျိုးသမီးလေးချီ စိန်ခေါ်ပွဲတစ်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။ ကလပ် အသင်းများမှ တခြားသော အထူး သုံးချီကြား ပွဲများလည်း ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ 
-
TZW
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 3, 2018

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ် ပွဲ မကွေးမြို့ ၌ ကျင်းပမည်


မကွေး   အောက်တိုဘာ  ၂ 
-
Mandalay RUM က ကျင်းပမည့် မြန်မာထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မကွေးမြို့၌ အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း ရှစ်ဆိုင်းပါဝင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် 
WLC(6)တွင် လိုက်ဝယ်တာဝိတ်တန်း၌ ချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်ထားသော ကျော်ဇင်လတ်(ရွှေသထုံ)နှင့် မွေထိုင်း၏ လုမ္မနီပြိုင်ပွဲများတွင် နာမည်ကြီးလျက်ရှိသော ခေါင်ဖီခေတ်(ထိုင်း)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
-
ထို့ပြင် တက်သစ်စ လက်ဝှေ့မောင်များ ဖြစ်သည့် နက္ခအောင်၊ ဒေါင်းဖြူလေး အစ ရှိသည့် လက်ဝှေ့မောင်များ၏တွဲဆိုင်းများလည်းပါဝင်မည်ဖြစ်သည်။ ယင်းတွဲဆိုင်း များတွင် ကျော်ဇင်လတ်(မြန်မာ)နှင့် ခေါင်ဖီ 
ခေတ်(ထိုင်း)၊ နက္ခအောင်နှင့် ဒိုးလေး၊ ဒေါင်းဖြူလေးနှင့် ဟိန်းထွန်းအောင်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger