www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 17, 2018

မြန်မာဗိုဗီနမ် အသင်း ပထမနေ့ ပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ငွေနှစ်ခုနှင့် ကြေးနှစ်ခုရရှိ

မြန်မာဗိုဗီနမ် အသင်း ပထမနေ့ ပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ငွေနှစ်ခုနှင့် ကြေးနှစ်ခုရရှိ
-
နေပြည်တော်     ဒီဇင်ဘာ  ၁၆ 
-
(၁၉)ကြိမ်မြောက်  အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဗိုဗီနမ် အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ   ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဗိုဗီနမ် အားကစားရုံ၌ ကျင်းပရာ  ဗိုဗီနမ် အားကစားပြိုင်ပွဲ  ပထမ နေ့ ပြိုင်ပွဲ အပြီးတွင် မြန်မာအသင်း ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခုဖြင့်  ဦးဆောင်လျက်ရှိသည်။ ရွှေတံဆိပ်ဆုကို အမျိုးသမီးတစ်ဦးချင်းလက်သိုင်းအပြပြိုင်ပွဲတွင် ခိုင်ဝါဖူးက လည်းကောင်း၊ အသင်းလိုက်လေးယောက် တွဲပြိုင်ပွဲ (အမျိုးသား) ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဖြိုးမင်းစိုး၊ ဟိန်းထက်အောင်၊ သီဟဇော်တို့ကလည်းကောင်း ရရှိသည်။ ငွေတံဆိပ်ဆုကို အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဇော်ဇော်နှင့် ဇင်လင်း ထွန်းတို့ကလည်းကောင်း၊ အမျိုးသား တစ်ကိုယ်တော်အတိုက် ၆ဝ ကီလိုတန်းတွင်  မြင့်မြတ်ဦးကလည်းကောင်းရရှိသည်။ ကြေးတံဆိပ်ဆုကို အမျိုးသား တစ်ကိုယ်တော် အတိုက်ပြိုင်ပွဲ ၅၁ ကီလိုတန်းတွင် ဖြိုးထက်ကိုကို၊ အမျိုးသမီး တစ်ကိုယ် တော် အတိုက်ပြိုင်ပွဲ ၅၁ ကီလိုတန်းတွင် ဇင်ဇင်ထွန်း ကလည်း ကောင်း ဆွတ်ခူးထားသည်။ 
-
ပထမနေ့ပြိုင်ပွဲ အပြီးတွင်မြန်မာအသင်းက ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် နှစ်ခုဖြင့်  ဦးဆောင်လျက်ရှိပြီး ဗီယက်နမ် အသင်းက ရွှေ နှစ်ခု၊ ငွေ တစ်ခု ၊ ကြေး နှစ်ခုဖြင့် ဒုတိယ၊ ကမ္ဘောဒီးယားအသင်းက ရွှေ တစ်ခု ၊ ငွေ တစ်ခု၊  ကြေး သုံးခုဖြင့် တတိယ နေရာတွင် ရပ်တည် လျက်ရှိသည်။ (၁၉)ကြိမ်မြောက်အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ၏ ဗိုဗီနမ်အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား ၁၇  မျိုးကို ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အုပ်ချုပ်သူနည်းပြ  ငါးဦး၊ ကစားသမား အမျိုးသား ၁၆ ဦး၊ အမျိုး သမီး ကိုးဦး စုစုပေါင်း  ၃ဝ ဦးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ဗိုဗီနမ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၈ ရက် အထိယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသတင်း ရရှိသည်။ 
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger