www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 13, 2018

ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံမှ အလုပ်သမား ၁၀၀ ကျော် ဆန္ဒထုတ်ဖော်



ကျောက်ဆည် ၁၃-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် စက်မှုဇုန် နယ်မြေအတွင်းရှိ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံမှ အလုပ်သမားဦးရေ ၁ဝဝကျော်က အလုပ်သမား သမဂ္ဂခေါင်းဆောင် နှစ်ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့
သည့်ကိစ္စနှင့် ပတ်သက်၍ ယနေ့နံနက် ၉နာရီခွဲက ကျောက်ဆည်မြို့တွင်းသို့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရာတွင် လမ်းတစ်လျှောက်၌ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များကို အလုပ်မှ ထုတ်ပယ်မှုရပ်တန့်ရေး၊ ဥပဒေပါ ခံစားခွင့်များရရှိရေး၊ စက်ရုံအတွင်း ဆေးပေးခန်းတွင် အလုပ်သမားများ ဆေးကုသခွင့်ရရှိရေး၊ အလုပ်သမား လိုင်းခန်းများတွင် ရေ၊ မီး အချိန်ပြည့်စီစဉ်ပေးရေး၊ အလုပ်သမားသမဂ္ဂဝင်များကို ခွဲခြားဆက်ဆံမှု အလိုမရှိ စသည့်ကြွေးကြော်သံများ ကြွေးကြော်ကာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

"ဒီစက်ရုံမှာက ကျွန်တော်တို့ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေကို တန်းတူရည်တူ ဆက်ဆံခံရတာမရှိဘူး။ ခွဲခြားဆက်ဆံ ခံနေရတယ်။ ပြီးခဲ့တဲ့ မေ ၂ဝရက်က အလုပ်သမားစည်းကမ်း ဖောက်ဖျက်လို့ဆိုပြီး ကုန်တင်ကုန်ချ ဌာနက အလုပ်သမား ခေါင်းဆောင်နှစ်ယောက်ကို အလုပ်ထုတ် ပစ်လိုက်တယ်။ ကျွန်တော်တို့က ဒီစက်ရုံက အလုပ်သမားတွေပါ။ ဥပဒေပါအလုပ် သမားအခွင့်အရေးတွေ တန်းတူရစေချင်တယ်။ စက်ရုံတွင်း ဆေးပေးခန်းကအစကျွန်တော်တို့ အလုပ်သမားတွေအတွက် ဆေးကုသခွင့်တွေ၊ လိုင်းခန်းတွေမှာ အချိန်ပြည့် ရေ၊ မီး စီစဉ်ပေးတာတွေ လုပ်ပေးစေချင်ပါတယ်"ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင်သူ ကိုဇော်ထူးက ပြောပြသည်။

ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံမှ အလုပ်သမားဦးရေ ၁ဝဝကျော်သည် ယနေ့နံနက် ၉နာရီမိနစ် ၃ဝတွင် ကျောက်ဆည်မြို့ ဘောဂဝတီရပ်ကွက်အတွင်းရှိ ဇော်ဂျီတံတားအနီး စုရပ်မှ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ထိုမှတစ်ဆင့် ပြည်လုံး နိုင်ရပ်ကွက် လမ်း၂ဝမှ ကျောက်ဆည်မြို့မ ရဲစခန်းရှေ့လမ်းအတိုင်း၊ထိုမှ ရွှေသာလျောင်း တောင်ခြေလမ်းတစ်လျှောက်မှ ဆင်ပြိုင်ကွင်းထိ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger