www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 13, 2018

ဧရာဝတီလင်းပိုင်(အမ) တစ်ကောင် ထပ်မံသေဆုံး



မန္တလေး ၁၃-၇-၂ဝ၁၈

ဧရာဝတီလင်းပိုင် (အမ)တစ်ကောင် ထပ်မံသေဆုံးခဲ့ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဧရာဝတီ လင်းပိုင်အသေကို မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ဆင်သေကျေးရွာ အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာငါးလုပ်ငန်း ဦးစီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် သတင်းပေးပို့ခဲ့ရာ တာဝန်ရှိသူများမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဧရာဝတီလင်းပိုင်သေကို မြေမြှုပ်ခဲ့ကြောင်း သိရသည်။

"စစ်ဆေးတွေ့ရှိချက် တွေအရဆိုရင် မြစ်အတွင်းမှာ ရေစီးတဲ့အတိုင်း မျောပါလာတာပါ။ ဧရာဝတီလင်းပိုင် အသေက လွန်ခဲ့တဲ့ လေးငါးရက်ခန့်က သေဆုံးတာလို့ ခန့်မှန်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လင်းပိုင်အသေ တွေ့တွေ့ချင်းမှာ သေဆုံးနေတဲ့ လင်းပိုင်က ပုပ်ပွနေပြီး အရေခွံတွေတောင် မရှိတော့ပါဘူး။ ဘယ်လိုမျိုး သေဆုံးတာလဲ ဆိုတာကိုတော့ အတိအကျ မပြောနိုင်ပါဘူး"ဟု ၎င်းက ပြောပြသည်။

ယခုလက်ရှိ ဧရာဝတီမြစ်ရေ တိုးလာသည့် အချိန်ဖြစ်သည့် အတွက်မည့်သည့် နေရာတွင် သေဆုံး၍ မျောပါလာသည်ကို အတိကျ မသိရှိနိုင်ကြောင်း၊ ငါးဖမ်းပိုက်များနှင့် ငြိတွယ်၍ သေဆုံးနိုင်သည့် အပြင်ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းဆီးမှု ကြောင့်လဲ ထိခိုက်၍ သေဆုံးခြင်းလည်း ဖြစ်နိုင်ကြောင်း သိရသည်။

"လင်းပိုင်တွေရဲ့သက်တမ်းက နှစ် ၄ဝနဲ့ ၅ဝကြားရှိပါတယ်။ တချို့လင်းပိုင်တွေက အသက်ကြီးလို့ သေဆုံးတာလဲ ရှိပါတယ်။ အရွယ်မတိုင်မီ လူ့ပယောဂကြောင့် ပိုက်နဲ့ ငြိတာတို့ ဘက်ထရီရှော့ခ်တိုက်ခံရလို့ သေဆုံးတာရယ် မိခင်နဲ့ အုပ်စုကွဲပြီးတော့ အသက်မရှူတတ်လို့ မွေးကင်းစမှာတင် သေဆုံးတာတွေရှိပါတယ်" ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လထိ ခြောက်လတာ ကာလအတွင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ၌ ဧရာဝတီလင်းပိုင် သုံးကောင် သေဆုံးခဲ့ပြီး ယခုလင်းပိုင်(အမ) တစ်ကောင် ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီမြစ်အတွင်း မျောပါလာသည့် လင်းပိုင်အသေသည် အလျား ၅ ပေ ၉ လက်မခန့်ရှိပြီး လုံးပတ်အနေဖြင့် ပုပ်ပွနေသည့်အတွက် တိုင်းတာမှုအမှန် မရရှိနိုင်ကြောင်း၊ ယခုသေဆုံးခဲ့သည့် ဧရာဝတီလင်းပိုင်သည် ထိန်းသိမ်းရေး ဧရိယာအတွင်းမှ လင်းပိုင်ဖြစ်နိုင် ခြေမရှိဘဲ ထိန်းသိမ်းရေး ပြင်ပလင်းပိုင်ဖြစ်နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger