တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ကိုကိုးကျွန်းမြို့သို့ ခရီးသည်နှင့်ကုန်စည်ပစ္စည်းများပို့ဆောင်ပေးစဉ်။
နေပြည်တော် ၂၆-၄-၂၀၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သား မိသားစုဝင်များ သက်သာ ချောင်ချိရေးအတွက် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင် ပေးလျက်ရှိရာယနေ့နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့မှ ဒေသခံ ပြည်သူများနှင့် တပ်မတော်သားများ စုစုပေါင်း ၃၄ ဦးနှင့် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများကို တပ်မတော် (လေ) မှ စီစဉ်ပေးသော လေယာဉ်ဖြင့် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ ကိုကိုးကျွန်းမြို့သို့ ပို့ဆောင်ပေးသည်။
အဆိုပါလေယာဉ်သည် ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများ၊ တပ်မတော်သားများ စုစုပေါင်း ၄ဝ ဦးနှင့် ကုန်ပစ္စည်းများတင်ဆောင် ၍ ပြန်လည် ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်းသတင်းရရှိသည်။
#Themyawadydaily



No comments:
Post a Comment