www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 10, 2013

တရုတ်နိုင်ငံ ၏ H - 6 ဗုံးကြဲလေယာဉ် များသည် လျောင်နင် လေယာဉ်တင် သင်္ဘောထက် ပို၍ အန္တရာယ် ပြုနိုင်သည်ဟု ဆိုခြင်း


ပေကျင်း ၊ ၁၀-၁၀-၂၀၁၃

တရုတ်နိုင်ငံ H - 6 မဟာဗျူဟာ ဗုံးကြဲ လေယာဉ် များသည် တရုတ်နိုင်ငံ ၏ ပထမဆုံး လေယာဉ်တင် သင်္ဘော ဖြစ်သည့် လျောင်နင် သင်္ဘောထက် အနောက် ပစိဖိတ် ဒေသရှိ အမေရိကန် စစ်အခြေစိုက် စခန်းများအား ပိုမို ခြိမ်းခြောက် လာနိုင်ကြောင်း ထိုင်ဝမ် အခြေစိုက် အာရှ - ပစိဖိတ် ကာကွယ်ရေး ဆိုင်ရာ မဂ္ဂဇင်း တစ်စောင်တွင် ဖော်ပြ ထားကြောင်း သိရသည်။

အဆိုပါ H - 6 ဗုံးကြဲ လေယာဉ်များကို Xi'an လေယာဉ် ထုတ်လုပ်ရေး စက်မှု ကော်ပိုရေးရှင်း မှ ၁၉၅၀ ခုနှစ် နောက်ပိုင်းတွင် ထုတ်လုပ် ခဲ့ခြင်း ဖြစ်ပြီး CJ - 10 A ဒုံးကျည် ၆ လုံးအပြင် ၀မ်းဗိုက် အတွင်း ခရုစ် ဒုံးပျံ အပိုတစ်လုံးကို သယ်ဆောင် နိုင်စွမ်း ရှိကြောင်း ၊ ဥရောပ ရှိ ခေတ်မီ ဗုံးကြဲ လေယာဉ် များသည် အဆိုပါ ခရုစ် ဒုံးပျံများ သယ်ဆောင် နိုင်စွမ်း မရှိသေးကြောင်း နှင့် ၄င်း လေယာဉ် များသည် သက်တမ်း ကြာမြင့် နေပြီ ဖြစ်သော်လည်း စွမ်းပကား မြင့်မားသည့် လေယာဉ် တစ်စင်း ဖြစ်လာစေရန် ပြုလုပ်လျက် ရှိကြောင်း သိရသည်။


လျောင်နင် လေယာဉ်တင် သင်္ဘောကို စစ်ရေး ဆိုင်ရာ အမှန်တကယ် အသုံးပြု တပ်ဖြန့် ချထား နိုင်ရေး ပြုလုပ် နေစဉ် အတွင်း H - 6 ဗုံးကြဲ လေယာဉ်မှ YJ- 62 သင်္ဘောဖျက် ဒုံးများ ပစ်လွှတ် ခဲ့ခြင်းသည် အမေရိကန် နိုင်ငံ ၏ တိုက်ခိုက်ရေး သင်္ဘောများ အား ပိုမို ခြိမ်းခြောက် လာလျက် ရှိသည်။ အဆိုပါ ဗုံးကြဲ လေယာဉ်များသည် အကွာအဝေး ကီလိုမီတာ ၃၀၀ မှ ၃၅၀ အတွင်းရှိ ပစ်မှတ် များကို တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း လည်း ထိုင်ဝမ် အခြေစိုက် အခြား စစ်ဘက် မဂ္ဂဇင်း တွင် ဖော်ပြ ပါရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger