www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 10, 2013

မြို့လယ်ရှိ ရွှေရတနာဆိုင် တစ်ဆိုင်တွင် ငွေကျပ်သိန်း (၅ဝဝ)ခန့် တန်ဖိုးရှိ ရွှေရတနာများ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွား


မုံရွာ ၊ ၁၀-၁၀-၂၀၁၃

မုံရွာမြို့နယ် ၊ အလယ်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ ချင်းတွင်း ရတနာဈေး အနီး ဖွင့်လှစ် ရောင်းချလျက် ရှိသည့် '' ပေါ်ဦး '' ရတနာ ရွှေဆိုင်တွင် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ရွှေအရောင်း ကောင်တာ အတွင်းမှ ရွှေဆွဲကြိုး မျိုးစုံ  ကာလတန်ဖိုး  ငွေကျပ် သိန်း(၅ဝဝ) ခန့် ဖောက်ထွင်း ခိုးယူ ခံခဲ့ရကြောင်း သိရသည်။       

" ပေါ်ဦး " ရွှေရတနာ အရောင်းဆိုင် ပိုင်ရှင်က '' ရွှေဆိုင်ဖွင့်ဖို့ အတွက် နံနက်(၅) နာရီက နေအိမ် အပေါ်ထပ် ကနေ အောက်ထပ် ကို ဆင်းလာပြီး ရွှေထည် ပစ္စည်းတွေ ထည့်ထားတဲ့ မှန်ကောင်တာ ကို စစ်ဆေးရာ မှန်ကောင်တာ ထဲမှာ ချိတ်ဆွဲ ထားတဲ့ ရွှေဆွဲကြိုး တွေ ခိုးယူ သွားပါတယ် ၊ ရွှေလေးချိန် (၇ဝ)ကျပ်သား ဝန်းကျင် ရှိပါတယ် .. .. .. '' ဟု ပြောကြားသည်။

မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက '' အိမ်နောက်ဖေး နံရံရဲ့ (၁ဝ)ပေခန့် အမြင့်မှာ ရှိတဲ့ အလျား(၁၃)ပေ ၊ အနံ (၉)ပေခွဲ အပေါက်ကို ချိုးဖျက် ထားတာ တွေ့ပါတယ် ၊ လူကြီးဝင် ဖို့တော့ ခတ်ပါတယ် ၊ တရားခံကို ဖမ်းဆီး ရမိရေး ဆောင်ရွက် လျက် ရှိပါတယ် .. .. .. ''ဟု ပြောကြားသည်။ ပေါ်ဦးရွှေဆိုင် ဖောက်ထွင်း ခိုးယူမှုတွင် ကာလ တန်ဖိုး ကျပ်သိန်း လေးရာ ကိုးဆယ့် ရှစ်သိန်း နှစ်သောင်း  တန်ဖိုးရှိ ရွှေဆွဲကြိုး မျိုးစုံ(၁ဝ မျိုး ခိုးယူ ခံခဲ့ရကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေထည် ခိုးယူသူ အပေါ် စုံစမ်း စစ်ဆေး ဖော်ထုတ် အရေးယူ ပေးနိုင်ရန် အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်က ရွှေဆိုင်ပိုင်ရှင် ဦးသန်းဝေ မှ မုံရွာမြို့နယ် အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြား ခဲ့၍ (ပ) အမှတ် ၅၄၄/၂ဝ၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈ဝ အရ စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger