Kavoshagar -3 ဂြိုဟ်တု
တီဟီရန် ၊ ၁၂-၁၀-၂၀၁၃
အီရန်နိုင်ငံ သည် ပြည်တွင်းလုပ် ဂြိုဟ်တု
၃ လုံးဖြစ်သည့် Tadbir ၊ Nahid နှင့် Sharif Sat ဂြိုဟ်တုများကို ၂ဝ၁၄ ခုနှစ် မတ်လ
၂ဝ ရက် ၊ အီရန်ပြက္ခဒိန်၏ ယခုနှစ် မကုန်မီတွင် ပစ်လွှတ် သွားရန် စီစဉ်ထားသည်ဟု အီရန်
အာကာသ အေဂျင်စီ အဖွဲ့( ISA ) ဒုတိယအကြီးအကဲ Hamid Fazeli က အောက်တိုဘာ ၁ဝ ရက်တွင် ပြောကြား
ခဲ့ကြောင်း NEWSnow သတင်းတစ်ရပ် အရ သိရသည်။
Hamid Fazeli က သက်ရှိ သတ္တဝါများ လိုက်ပါမည့်
Pishgam-2 ( Pioneer -2 ) အမည်ရှိ ပြည်တွင်းလုပ် ဂြိုဟ်တု တစ်လုံး ကိုလည်း အာကာသ အတွင်းသို့
မကြာမီ ပစ်လွှတ်သွားရန် မျှော်မှန်း ထားကြောင်းလည်း ထုတ်ဖော် ပြောကြား ခဲ့သည်။ အီရန်နိုင်ငံ
သည် ပထမဆုံး ပြည်တွင်းလုပ် ဂြိုဟ်တု Omid ( Hope ) ကို ၂ဝဝ၉ ခုနှစ်တွင် လွှတ်တင်ခဲ့ပြီး
ထိုသို့ ကြိုးပမ်းမှု သည် အီရန်နိုင်ငံကို ၉ နိုင်ငံမြောက် ဂြိုဟ်တု လွှတ်တင် နိုင်သည့်နိုင်ငံ
ဖြစ်လာ စေခဲ့ကြောင်း သိရသည်။
၎င်းနောက် တစ်နှစ်ခန့် အကြာတွင် အီရန်နိုင်ငံသည်
Kavoshagar - 3 အမည်ရှိ ဂြိုဟ်တု တစ်လုံးကိုလည်း ကြွက်တစ်ကောင် ၊ လိပ်နှစ်ကောင် နှင့်
တီကောင် တစ်ကောင် ထည့်သွင်း၍ အာကာသ အတွင်း လွှတ်တင် ခဲ့ကြောင်း သိရသည်။ ထို့အပြင် အီရန်နိုင်ငံ၏
ထုတ်ပြန်ချက် အရ လွန်ခဲ့သော ဇန်နဝါရီလက သက်ရှိ မျောက်တစ်ကောင် လိုက်ပါသော ဂြိုဟ်တု
တစ်လုံးကို အာကာသ အတွင်း လွှတ်တင်ခဲ့ရာ အမြင့် ၁၂ဝ ကီလိုမီတာ(၇၄.၅ မိုင်) ထက်မနည်း ရောက်ရှိခဲ့ပြီး
ကမ္ဘာမြေ ပေါ်သို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိ ခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment