ရန်ကုန် ၊ ၁၀-၁၀-၂၀၁၃
ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကင်းမြို့နယ်
ခုတင် ၅၅၀ ဆံ့ ရန်ကင်း ကလေးဆေးရုံကြီး တွင် တက်ရောက် ဆေးကုသမှု ခံယူလျက် ရှိသည့် ကလေးသူငယ်
လူနာများကို ဧရာဝတီ ဖောင်ဒေးရှင်း ၏ ပံ့ပိုး ကူညီမှုဖြင့် အောက်တိုဘာလ ၇ ရက်မှ စတင်ကာ
တစ်ရက်လျှင် နံနက် တစ်ကြိမ် ၊ နေ့လည် တစ်ကြိမ် အခမဲ့ ထမင်းကျွေး သွားမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ ဧရာဝတီ ဖောင်ဒေးရှင်း အနေဖြင့်
ရန်ကင်း ကလေးဆေးရုံကြီး ကို တည်ဆောက် လှူဒါန်း ခဲ့ပြီးနောက် ဆေးရုံကြီး ၌ တက်ရောက်
ဆေးကုသမှု ခံယူ ကြသည့် လူနာများ အဆင်မြေရန် အတွက် အစဉ်အမြဲ ပံ့ပိုး ပေးလျက် ရှိသည်။
ထို့အပြင် အနယ်နယ် အရပ်ရပ် မှ လာရောက်
ဆေးကုသမှု ခံယူကြသည့် လူနာ များကိုလည်း နေ့စဉ် ထမင်းကျွေး နိုင်ရန် အတွက်လည်း ရည်မှန်း
ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ထမင်းကျွေး နိုင်ရန် အတွက်
စားဖိုဆောင် တစ်ဆောင် ကို သီးခြား ဆောက်လုပ် လှူဒါန်း ပေးကာ နေ့စဉ် ကျွေးမွေး စရိတ်များ
ကိုလည်း ဧရာဝတီ ဖောင်ဒေးရှင်း ကပင် ပံ့ပိုး ပေးသွားမည် ဖြစ်သည်။ ထို့အတူ ဆေးရုံ အတွက်
လိုအပ်သည့် နားနေဆောင် တစ်ခုကိုလည်း တည်ဆောက် လှူဒါန်း ပေးခဲ့ကြောင်း လည်း သိရှိရှိသည်။

No comments:
Post a Comment