ရန်ကုန် ၊ ၁၁-၁၀-၂၀၁၃
အဲယားကွန်း ပါဝင်သော ရန်ကုန်မြို့ပတ်
အထူးရထား စတင် ပြေးဆွဲသည့် နေ့မှစ၍ ယနေ့အထိ အပျော် လိုက်ပါ စီးနင်းသူ များသာ များပြားကြောင်း
မြန်မာ့ မီးရထား မှ သိရသည်။
ရန်ကုန်မြို့ပတ် အဲယားကွန်း အထူးရထား
ကို အောက်တိုဘာလ ၅ ရက်မှ စတင် ပြေးဆွဲခဲ့ရာ လက်ရှိ အချိန်အထိ အပျော် လိုက်ပါ စီးနင်းသူများ
များပြား လျက် ရှိသည်ဟု အထူး မြို့ပတ်ရထား တွင် တာဝန် ထမ်းဆောင်နေသူ ၀န်ထမ်း များက
ယခုကဲ့သို့ ပြောကြား ခဲ့သည် " စဆွဲတဲ့ စနေ ၊ တနင်္ဂနွေ မှာ လိုက်ပါ စီးနင်း သူတွေ
များပါတယ် ၊ မိသားစုတွေ အပျော် လိုက်စီးကြတာ ၊ အဲယားကွန်း အထူးရထား ဆိုတော့ သဘောကျပြီး
လိုက်စီးကြတာ ၊ တစ်ကယ် သွားလာတဲ့ သူတွေလည်း လိုက်စီး ကြပါတယ် ၊ သီးသန့် သွားချင် သူတွေ
အတွက်လည်း အဆင်ပြေ ပါတယ် ၊ ရုံးဝန်ထမ်း တွေတော့ စီးတာ သိပ်မတွေ့ရ သေးပါဘူး .. ..
" ဟု တွဲထန်း တစ်ဦးက ပြောပြသည်။
တွဲဆိုင်း ၅ ဆိုင်းပါ အဲယားကွန်း အထူးရထား
ကို တစ်နေ့လျှင် ၈ ကြိမ် ပြေးဆွဲ ပေးလျက် ရှိပြီး နံနက် ၆ နာရီခွဲမှ စတင်ကာ အင်းစိန်
ဘူတာ မှ ရန်ကုန်ဘူတာ ကြီးသို့ ပြေးဆွဲလာကာ လက်ဝဲရစ် ၊ လက်ယာရစ် မြို့ပတ်စနစ် ၊ မင်္ဂလာဒုံ
ဘူတာတွင် ခေါင်းလှည့် ၊ အင်းစိန် ဘူတာ တွင် ခေါင်းလှည့် စနစ် တို့ဖြင့် ပြေးဆွဲ နေခြင်း
ဖြစ်သည်။ စီးနင်းခမှာ ခရီးစဉ် တစ်ကြောင်း အတွက် ငွေကျပ် ၄၀၀ ဖြစ်ပြီး နိုင်ငံခြား ခရီးသည်
များအတွက် တစ်ဦးလျှင် အမေရိကန် နှစ်ဒေါ်လာ သတ်မှတ် ထားကြောင်း သိရသည်။
အထူးရထား သန့်ရှင်း သပ်ရပ်ရေး နှင့်
ရေရှည် ကောင်းမွန်သော ၀န်ဆောင်မှုများ ပေးနိုင်ရေး အတွက် တွဲဆိုင်း တစ်ဆိုင်းလျှင် လုံခြုံရေး
ရထား ရဲတပ်ဖွဲ့ဝင် တစ်ဦး ၊ တွဲထိန်း တစ်ဦးနှင့် လက်မှတ်စစ် ၀န်ထမ်းများ လိုက်ပါလျက်
ရှိပြီး စီးနင်းသူ ခရီးသည်များ စည်းကမ်း ရှိစွာ စီးနင်း နိုင်ရေး ၊ ရထားပေါ်ပါ စည်းကမ်းချက်များ
လိုက်နာ နိုင်ရေး နှင့် လမ်းညွှန် အမှတ်အသား များ အသုံးပြု နိုင်ရေး ၊ ခရီးသွား ပြည်သူများ
လုံခြုံ စိတ်ချစွာဖြင့် သက်တောင့် သက်သာ စီးနင်း နိုင်ရေး တို့ကို ကူညီ ဆောင်ရွက် ပေးလျက်
ရှိကြောင်း သိရှိရသည်။

No comments:
Post a Comment