Pages

Wednesday, April 3, 2019

တောင်ကြီး မြို့နယ်၊ ဖက်ကွန် ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တောင်ကြီး မြို့နယ်၊ ဖက်ကွန် ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၂
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊ ဖက်ကွန်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအားယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ဗုဒ္ဓသာသနာ့ ဟိတကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့ကဒေသခံတိုင်းရင်းသားပြည်သူ ၂၁၉  ဦးတို့ကို သွားနှင့် ခံတွင်း ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြား ရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျား ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီးဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁၃ဦးကို တောင်ကြီး မြို့ရှိတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment