Pages

Tuesday, April 9, 2019

ကော့သောင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစု ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကော့သောင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစု ဝင်များအား တွေ့ဆုံ၊  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်း မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင်များအား ဧပြီ ၆ ရက်နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့်အဖွဲ့ဝင်များက အဆိုပါမြို့နယ်ရှိ ဘုရင့်နောင် ခန်းမ၌ သွားရောက်တွေ့ဆုံသည်။ ဦးစွာတိုင်းမှူးကအမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအိမ်ရာနေစစ်သည်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။
-
ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင် ၅၁ ဦးတို့ကို သွေးတိုးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက် ပေးနေမှုများကိုတိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှု အားပေးခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment