Pages

Tuesday, April 2, 2019

မြိတ်မြို့နယ်၊ အေးချမ်းသာ ရပ်ကွက်၌ အမွှေးတိုင် ပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွား

မြိတ်မြို့နယ်၊ အေးချမ်းသာ ရပ်ကွက်၌ အမွှေးတိုင် ပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွား
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အေးချမ်းသာရပ်ကွက်၊ ကံ့ကော်လမ်းနှင့် သစ္စာလမ်းထောင့်ရှိ ဒေါ်ဇင်မာနိုင်(ဘ) ဦးဝင်းနိုင် ငှားရမ်း နေထိုင်သော နေအိမ်၌ မတ် ၃၁ ရက် ည ၈ နာရီခန့်တွင် ဘုရားစင်၌ ပူဇော်ထားသော အမွှေးတိုင် ကျိုးကျပြီး ဘုရားစင်အောက်ရှိ ခေါင်းအုံးမှ တစ်ဆင့် မီးလောင်ကျွမ်းမှု စတင် ဖြစ်ပွားခဲ့သည်။ 
-
မီးလောင်ရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ် ၁၂ စီးနှင့် ရေသယ်ယာဉ် ၁၁ စီးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ 
-
မီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်နှစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူအား လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment