Pages

Friday, February 22, 2019

MFF ၊ MNL နှင့် MOLTEN CORPORATION တို့ စပွန်ဆာစာချုပ် ချုပ်ဆိုပွဲကျင်းပ

MFF ၊ MNL နှင့် Molten Corporation တို့  စပွန်ဆာစာချုပ် ချုပ်ဆိုပွဲကျင်းပ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၂၁ 
-
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီနှင့် Molten Corporation တို့၏ စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် MFF အစည်းအဝေးခန်းမ၌ကျင်းပသည်။ 
-
အခမ်းအနားတွင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး Molten  Corporation အထွေထွေမန်နေဂျာ Mr. Kentaro  Shimada က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။ 
-
ဆက်လက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊  မြန်မာနေရှင်နယ်လိဂ်ကော်မတီအမှုဆောင်အရာရှိချုပ်ဦးစိုးမိုးကျော်၊ Molten Corporationအထွေထွေမန်နေဂျာ Mr. Kentaro  Shimada နှင့် Winner Sports မှ မန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးပိုင်ချစ် တို့က စပွန်ဆာစာချုပ်တွင် လက်မှတ်ရေးထိုးကာအမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်သည်။ 
-
ထို့နောက် တက်ရောက်လာကြသည့် မီဒီယာများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများကပြန်လည်ဖြေကြားသည်။ Molten  Corporation သည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီတို့ကို နှစ်နှစ် စပွန်ဆာ ပေးခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြိုင်ပွဲများနှင့် လက်ရွေးစင်အသင်းများ၏ လေ့ကျင့်မှုများတွင်အသုံးပြုမည်ဖြစ်သည်။ 
-
Molten  Corporation သည် အာရှ ဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးစပွန်ဆာဖြစ်ပြီး AFC က ကြီးမှူး ကျင်းပလျက်ရှိ သည့် ပြိုင်ပွဲများ အားလုံးတွင် Molten ဘောလုံးကိုအသုံး ပြုနေသောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့်  Molten  Corporation နှင့်စာချုပ်ချုပ်ဆိုကာ အသုံးပြုသွားမည်ဖြစ်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment