Pages

▼

Wednesday, February 27, 2019

ပုသိမ်မြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် သာသနာနုဂ္ဂဟဘွဲ့များ ရရှိကြသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့အား ထပ်ဆင့် ဂုဏ်ပြုပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်

ပုသိမ်မြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် သာသနာနုဂ္ဂဟဘွဲ့များ ရရှိကြသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့အား ထပ်ဆင့် ဂုဏ်ပြုပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂ဝ၁၈ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၄ ပါးနှင့် သာသနာနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ်သုံးဦးတို့အား ထပ်ဆင့် ဂုဏ်ပြုပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းတွင် မြို့တော်ခန်းမ၌ ပြုလုပ်ရာ ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိ စာသင်တိုက် ပဓာနနာယက တိပိဋကသြဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 
-
-
ဦးစွာ တက်ရောက်လာကြသူများက မိုးကောင်းပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီးများအား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး  သာသနာနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ် သုံးဦးတို့ကို ဘွဲ့တံဆိပ်တော်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ကာ ဖျာပုံမြို့၊ ထန်းပင်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လထံမှအနုမောဒနာတရား နာကြားကာ  ရေစက်သွန်းချ အမျှပေးဝေကြသည်။ 
-
ထို့နောက်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုဆက်လက်ပြုလုပ်ရာတိုင်းမှူးနှင့်တပ်မတော်အရာရှိကြီးများ၊ မိသားစုများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများကသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment