Pages

Monday, February 25, 2019

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ဝါးကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ဝါးကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၄ 
-
တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့်ရောက်ရှိနသော တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ရက်နှင့်ယနေ့တို့တွင်ဘုတ်ပြင်းမြို့နယ်၊ ဝါးကျွန်းရှိ ဒေသခံပြည်သူ ၇၇၈ ဦးကို အဆိုပါ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၃၇ ဦး၊ ခွဲစိတ်ရောဂါ ၈၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၇၉ ဦး၊ ကလေး ရောဂါ ၁၁၇ ဦး၊ အရိုးရောဂါ ၈၈ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၅၂ ဦး၊ မျက်စိ ရောဂါ ၁ဝ၁ ဦးနှင့် သွားရောဂါ ၁၂၂ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ ၁၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၂၅ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်၌ ခွဲစိတ်ကုသ ပေးသည်။ 
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ  ၃၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၇ ဦး၊ ကွန်ပျူတာ  ဓာတ်မှန်ရိုက် လူနာသုံးဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၁၅ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက် ကုသနိုင်ရေး   စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment