Pages

Thursday, February 21, 2019

ရွှေကျင်မြို့၊ အရှေ့မဟာ ဗုဒ္ဓဘုရားကြီး စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပွဲနှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ရေစက်ချ မင်္ဂလာပြုလုပ်

ရွှေကျင်မြို့၊ အရှေ့မဟာ ဗုဒ္ဓဘုရားကြီး စေတီတော်မြတ်ကြီး  စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပွဲနှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ရေစက်ချ မင်္ဂလာပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ 
-
ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့၊ အရှေ့မဟာဗုဒ္ဓဘုရားကြီး စေတီတော်မြတ်ကြီးစိန်ဖူးတော်၊ငှက်မြတ်နားတော် တင်လှူပွဲ နှင့်လုံးတော် ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းရေစက်ချ မင်္ဂလာကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင်အဆိုပါ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ရွှေကျင်မြို့၊ ပညာ့ဗိမာန် ကျောင်းတိုက်ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တလက္ခဏ အမှူးပြုသောသံဃာတော်များ  ကြွရောက်တော်မူကြပြီး  တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများကပညာ့ဗိမာန်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များနာကြားကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များကသံဃာတော် များထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ စကြာခေါင်းလောင်း တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်၍ စေတီ တော်မြတ် ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ 
-
ယင်းနောက် စိန်ဖူးတော်၊ ငှက်မြတ် နားတော်တို့ကို အမွှေးနံ့သာများ ပက်ဖျန်းပူဇော်၍ စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူပူဇော်ကြပြီးသံဃာတော်များက စေတီတော်မြတ်ကြီးအား အနေကဇာတင်တော်မူကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တက် ရောက်လာကြသူများက ကြွရောက်တော်မူကြသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ 
-
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ရွှေကျင်မြို့၊ ရှမ်းကြေးရပ်ကွက်ရှိ ရွှေကျင် နိကာယဆင်ရုံတောရ ကျောင်းဝိုင်းကြီး ဘုန်းတော်ကြီးကျောင်း၌ပြုလုပ်သော(၁၁)ကြိမ်မြောက် ရွှေကျင်နိကာယ၊ တောရရွှေကျင် ဂိုဏ်း၊ မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာပြန်ပွဲ အလှူတော် မင်္ဂလာစုပေါင်း ရေစက်ချပွဲသို့ ကြွရောက်တော်မူကြသည့် မဒေါက်မြို့၊ ပန်းငွေရုံတောရ ပရိယတ္တိ စာသင်တိုက်ကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တသုမနာ ဘိဝံသ အမှူးပြုသော သံဃာတော်များကိုဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန် တော်၊  ဆီနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment