Pages

Thursday, February 7, 2019

မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်

မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်
-
ပွင့်ဖြူ   ဖေဖော်ဝါရီ  ၆ 
-
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး  ပွင့်ဖြူ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများ နွေစပါးသီးနှံအချိန်မီ စိုက်ပျိုးသွားနိုင်စေရန်နှင့် တောင်သူတစ်ဦးချင်း အလိုက်သီးနှံ ဝင်ငွေ  ပိုမိုရရှိနိုင်စေရန်ရည်ရွယ်၍ မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။ 
-
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့နယ်အတွင်း နွေစပါးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး အတွက် ပွင့်ဖြူမြို့နယ်လယ်လှကုန်းကျေးရွာ နှင့် ဇီးတော ကျေးရွာတို့မှ နွေစပါးစိုက်ပျိုး တောင်သူ ၃၄ ဦးအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်  ဦးတင့်ဆန်း၊  ပွင့်ဖြူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှိုင်မြင့် တို့က နွေစပါးသီးနှံ  စိုက်ဧက ၁ဝဝ အတွက် ပြည်တော်ရင် မျိုးစပါးအိတ် ၁ဝဝ နှင့် ဓာတ်မြေ သြဇာအိတ် ၅ဝ တို့ကို  ထောက်ပံ့ ပေးအပ်ကြောင်းသိရသည်။
-
ရဲဝင်းနိုင်(ညောင်ဦး)
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment