Pages

Thursday, February 21, 2019

ကလေးငယ် များအား ဗီတာမင်(အေ) အားဆေးနှင့် သန်ချဆေး တိုက်ကျွေးခြင်းပြုလုပ်

ကလေးငယ် များအား ဗီတာမင်(အေ) အားဆေးနှင့် သန်ချဆေး တိုက်ကျွေးခြင်းပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၂ဝ 
-
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏အသက်ခြောက်လမှငါးနှစ်အောက်ကလေးငယ်များအားဗီတာမင်(အေ)အားဆေးနှင့် သန်ချဆေးတိုက် ကျွေးခြင်းကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် ဒေသန္တရမိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဆရာဝန်၊ သူနာပြု များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးက အသက် ခြောက်လမှ  ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်(အေ)အားဆေးနှင့် သန်ချ ဆေးများကို ဦးဆောင်တိုက်ကျွေးပြီး တာဝန်ရှိသူများနှင့် ဆရာဝန်၊ သူနာပြုများက ကလေးငယ်များအား ပေါင်ချိန် တိုင်းခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် အာဟာရ ဖြည့်အစားအစာများကျွေးမွေးခြင်းတို့အား ဆက်လက်ဆောင်ရွက်ကြ သည်။ အဆိုပါဗီတာမင်(အေ)အားဆေးနှင့် သန်ချ ဆေးတိုက်ကျွေးခြင်းကို တိုင်းစစ်ဌာနချုပ်နှင့် တောင်ကြီး တပ်နယ်တို့မှ ကလေးငယ် စုစုပေါင်း ၂၄၅ ဦးတို့အား တိုက်ကျွေးနိုင်ခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment