-
နေပြည်တော် ဖေဖော်ဝါရီ ၅
-
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် f Mr. Stephan Pierre Sakalian အားယနေ့နံနက်၁ဝ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် တပ်မတော်နှင့် ICRCတို့အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများ၊ ဆွေးနွေးပွဲနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်းသိရသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment