Pages

Monday, February 4, 2019

တောင်ငူမြို့နယ်၊ နေပူကုန်း ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တောင်ငူမြို့နယ်၊ နေပူကုန်း ကျေးရွာ၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်   ဖေဖော်ဝါရီ  ၃ 
-
ပဲခူးတိုင်း ဒေသကြီး၊  တောင်ငူမြို့နယ်၊ နေပူကုန်း ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ဖေဖော် ဝါရီ ၂ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့ကအဆိုပါ ကျေးရွာ စည်ပင် မိုးကောင်းကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
-
ထိုသို့ ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ငါးပါးနှင့် ဒေသခံ ပြည်သူ ၁၅၅ ဦးတို့ကို မျက်စိ ရောဂါ၊ သွား နှင့်ခံတွင်းရောဂါ၊ အစာအိမ်ရောဂါ၊ ကလေး ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူရှစ်ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
-
ထို့ပြင်  ဆေးကုသရေး အဖွဲ့က  ဒေသခံ ပြည်သူများအား ဆေးလိပ်နှင့် ကျန်းမာရေး၊ လက်ဆေးခြင်းနှင့် ဝမ်းပျက် ဝမ်းလျှော ရောဂါ အကြောင်းသိကောင်း စရာများကိုကျန်းမာရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း များ ဆောင်ရွက် ပေးသည်။ ယင်းသို့  ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး မျက်စိဝေဒနာရှင်များအတွက် ဆေးမျက်မှန်များ တပ်ဆင် ပေးသည်။ ယင်းနောက် စည်ပင်မိုးကောင်း ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဇိနသာရအား ဖူးမြော်၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment