Pages

Wednesday, February 20, 2019

(၇၁)နှစ်မြောက် ဇိုမီး အမျိုးသားနေ့ စည်ကားစွာ ကျင်းပမည်

(၇၁)နှစ်မြောက် ဇိုမီး အမျိုးသားနေ့ စည်ကားစွာ ကျင်းပမည်
-
ကလေး ဖေဖော်ဝါရီ ၁၉ 
-
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် ကလေးမြို့သဇင်ရပ်ကွက်နယ်မြေ(၅) မြို့ပတ်လမ်းရှိ မြန်မာနိုင်ငံ ဇိုမီးနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရုံးဝင်းဇိုမီးခန်းမ၌ ဖေဖော်ဝါရီ၁၉ ရက်တွင် (၇၁)နှစ်မြောက်ဇိုမီးအမျိုးသားနေ့ အခမ်းအနားကိုစည်ကားစွာကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 
-
''ဇိုမီးတွေပဲ စုပေါင်း နေထိုင်တဲ့နေရာမှာဇိုမီးအမျိုးသားနေ့ကို ကျင်းပလာခဲ့တာလည်း ကြာပါပြီ။ ဇိုမီးအမျိုးသားတွေဟာ တီးတိန်၊တွန်းဇံ၊ ကျီခါးမြို့နယ်အတွင်းနဲ့ ကလေးကဘော် ယောချိုင့်ဝှမ်းတွေမှာ အများဆုံး နေထိုင်ကြပါတယ်။ အခုကျင်းပခြင်းဟာ ဇိုမီးဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးစံနဲ့ ဇိုမီးသမိုင်းကြောင်း တွေကို ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ ဇိုမီးရိုးရာယဉ်ကျေးမှုတွေ ဖြစ်ကြတဲ့ ခွာဒိုပွဲ၊ ရှာလ်ဆောမ်းပွဲတွေ ကိုလည်း နှစ်စဉ်ကျင်းပ ပါတယ်''ဟု ပွဲကျင်းပရေး ကော်မတီမှ ဦးခေါမ်းကျင့်ခုပ်က ပြောသည်။ 
-
အဆိုပါ ပွဲတော်တွင် ရိုးရာနှင့် ပတ်သက်သည့် စာပေဟောပြောပွဲ၊ ရိုးရာယဉ်ကျေးမှု အဖွဲ့များမှ အကပဒေသာများဖြင့် ဖျော်ဖြေကပြခြင်း၊ ဇိုမီးလူငယ်အဖွဲ့မှ ဇိုမီးလူမျိုးနွယ်များ၏ ဘိုးဘွားများ၏ရိုးရာအမွေအနှစ် ထိန်းသိမ်းထားရှိသော ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ တွဲဖက်၍ ရိုးရာဝတ်စားဆင်ယင်မှုများဖြင့် သရုပ်ပြသည့် ခေတ်ပေါ်ရိုးရာဝတ်စုံ ဖက်ရှင်နှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းစသည့် ပျော်ပွဲရွှင်ပွဲများ ပါဝင်မည် ဖြစ်ကြောင်းသိရသည်။ 
-
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment