Pages

Thursday, February 21, 2019

မိုးကုတ်မြို့နယ်၊ အနောက်ဗိုလ်ကုန်း ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

မိုးကုတ်မြို့နယ်၊ အနောက်ဗိုလ်ကုန်း ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ 
-
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အနောက်ဗိုလ်ကုန်း ရပ်ကွက်ရှိ ဦးဝင်းမြင့်(ဘ) ဦးထွန်းမှန် ပိုင်ဆိုင်သော နေအိမ်မှ ဖေဖော် ဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်ခန့် တွင်  လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ 
-
မီးလောင်ရာနေရာသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မီးသတ်ယာဉ် ရှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၂ နာရီမိနစ် ၂ဝ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။မီးလောင်မှုကြောင့်  လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ အလျားပေ ၃ဝ၊ အနံ ပေ ၂ဝ ရှိ သွပ်မိုး၊ ထရံကာလူနေအိမ် တစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment