Pages

Friday, February 22, 2019

ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ကျင်းပ

ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ကျင်းပ
-
ရန်ကုန်   ဖေဖော်ဝါရီ  ၂၁ 
-
ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင်ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ ချက်ထရီယံဟိုတယ်၌ ကျင်းပပြုလုပ်ရာကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှသံအမတ်ကြီးများနှင့် သံရုံးယာယီ တာဝန်ခံများ၊ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 
-
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဧည့်သည်တော်များအား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E.Dr. Nikolay Listopadov ၊ စစ်သံမှူး Colonel Eduard Okladnikov နှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ 
-
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ သံအမတ်ကြီး၊ စစ်သံမှူးနှင့် ဇနီးတို့သည် နှစ်နိုင်ငံ အလံကို အလေးပြုကြပြီး အထိမ်းအမှတ်ကိတ်အားလှီးဖြတ်ပေးကာ အခမ်းအနားတက်ရောက်သူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက်အခမ်းအနားတက်ရောက်သူများအား ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် စစ်သံမှူးတို့ကဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment