Pages

Tuesday, February 5, 2019

အိန္ဒိယနိုင်ငံရေတပ်မှ တိုင်းတာရေး စစ်ရေယာဉ် ပြန်လည် ထွက်ခွာ

အိန္ဒိယနိုင်ငံရေတပ်မှ တိုင်းတာရေး စစ်ရေယာဉ် ပြန်လည် ထွက်ခွာ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၄ 
-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ ရေတပ်မှ တိုင်းတာရေး စစ်ရေယာဉ်  INS-DARSHAK သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITTတံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ 
-
အဆိုပါစစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူးဖြစ်သူ Capt. J Gurumani ဦးဆောင်၍ အရာရှိ၊ စစ်သည် ၁၈၂ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ ခရီးစဉ်ကာလအတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာ များသို့ လေ့လာရေးခရီး လည်ပတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment