Pages

Monday, February 4, 2019

ကျိုက်ထီးရိုး တောင်ပေါ်တွင် အမှိုက်ခွဲစက် အသုံးပြုမည်

-
ကျိုက်ထို  ဖေဖော်ဝါရီ  ၃ 
-
မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးတောင်ပေါ်တွင် တည်ဆောက်နေသော အမှိုက်ခွဲစက်ကိုလာမည့် ဖေဖော်ဝါရီလလယ်အတွင်း ဖွင့်လှစ်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါအမှိုက်ခွဲစက်တည်ဆောက်မှုပြီးစီးနေပြီဖြစ်သော်လည်း လျှပ်စစ်သွယ်တန်း တပ်ဆင်ရန်ကျန်ရှိနေသောကြောင့် ဖေဖော်ဝါရီလလယ်မှ ဖွင့်လှစ် နိုင်မည်ဖြစ်သည်။ ''မီးသွယ်ဖို့အတွက် ထရန်စဖော်မာကို ပြန်ပြီးပြင်ဆင်ရမယ်။  ပစ္စည်းတွေကိုလည်း တောင်ပေါ်တင်ရတာဆိုတော့နည်းနည်း ခက်တာပေါ့။ လျှပ်စစ်ကျွမ်းကျင် ပညာရှင်ရောက်တာနဲ့ တပ်ဆင်မယ်။ ပြီးရင်ဖွင့်မှာပါ''ဟု ကျိုက်ထီး ရိုး ဂေါပက အဖွဲ့ဝင်ဦးတင်ဝင်းကပြောသည်။ 
-
အမှိုက်ခွဲစက်ဖွင့်လှစ်ပြီးပါက ဂေါပကအဖွဲ့အနေဖြင့် ဝန်ထမ်း ၁၃ ဦး ခန့်အပ်တာဝန် ခွဲဝေပေးသွားမည်ဖြစ်ပြီး တောင်ပေါ်တွင် နေ့စဉ်ပစ်နေသော အမှိုက်များကို ခွဲစက်ဖြင့်အစို၊ အခြောက်ခွဲပြီးသန့်စင်သွားမည်ဖြစ်ကာစားကြွင်းစားကျန်များမှတစ်ဆင့်သဘာဝမြေသြဇာရရှိရန်အတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
-
ကျိုက်ထီးရိုးတောင်ပေါ်တွင် ဘုရားဖူးရာသီဖြစ်ပါက တစ်နှစ်လျှင် အမှိုက်ငါးတန်နှင့် အထက်ထွက်ရှိနေပြီး အမှိုက်ခွဲစက် ထားရှိပါက ဘုရားရင်ပြင်တော်တွင် ယခင်နှစ်များထက် သန့်ရှင်းမှုများပိုမိုရှိလာတော့မည်ဖြစ် ကြောင်း၊  တောင်ပေါ်တွင် အမှိုက်များ သန့်စင်ရှင်းလင်းစေရန်အတွက် ယခုထားရှိသော အမှိုက်ခွဲစက်အပြင် အမှိုက်ဖျက်စက်လည်း  ထပ်မံလုပ်ဆောင်ရန်အတွက် စီစဉ်ထားကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment