Pages

Tuesday, February 5, 2019

ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၄ 
-
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင်အနောက်တောင်တိုင်း စစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၂၄ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြော ရောဂါ၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ခြင်း၊ နှလုံးခုန်နှုန်း စမ်းသပ်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း စသည့်ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများနှင့် ခါးကျီးပေါင်းရောဂါ အကြောင်းသိကောင်းစရာများကို ကျန်းမာရေး အသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment