Pages

Tuesday, February 5, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အင်းတော်ကြီးဒေသရှိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များအားဆွေးနွေး၊ ရွှေမဉ္ဖူဘုရားအား ဖူးမြော်ကြည်ညို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အင်းတော်ကြီးဒေသရှိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များအားဆွေးနွေး၊ ရွှေမဉ္ဖူဘုရားအား ဖူးမြော်ကြည်ညို
-
နေပြည်တော်၊ ဖေဖော်ဝါရီ - ၄  
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များ၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့ ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ရှိ၊ အင်းတော်ကြီးသို့ ရောက်ရှိရာ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။
-
-
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပြည်သူ့စစ်ဌာနေအဖွဲ့ ၀င်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးရာ ဦးစွာ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များနှင့် ပြည်သူ့စစ်ဌာနေ ခေါင်းဆောင်တို့က ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အသီးသီး တင်ပြကြသည်။
-
-
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ တိုင်းရင်းသားများနှင့် တွေ့ဆုံခွင့်ရသည့်အတွက် ၀မ်းမြောက်ပါကြောင်း၊ ဒေသတစ်ခုနှင့်တစ်ခု မတူညီသဖြင့် လိုအပ်ချက် များလည်းတူညီမှုမရှိကြောင်း၊ မိမိတို့ တိုင်းရင်းသားများ အနေဖြင့် မြန်မာစိတ်မွေး၍ အားလုံး စည်းစည်းလုံးလုံးဖြင့် နေထိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အင်းတော်ကြီး ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားများသည် ဗုဒ္ဓဘာသာကိုးကွယ်သည့်လူမျိုးများဖြစ်ကြောင်း၊ ဗုဒ္ဓ၏ အဆုံးအမတွင် ယဉ်ကျေးလိမ္မာစွာ နေထိုင်ကြရန် ဆုံးမထားကြောင်း၊ အာဃာတတရားများမထားရှိရန်လိုသော်လည်း ရန်မူလာပါက ၀ိုင်းဝန်း ကာကွယ်စောင့် ရှောက်ကြရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် လမ်းပန်း ဆက်သွယ်မှု ကိစ္စရပ်များအား သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ အင်းတော်ကြီး ဒေသသည် စိုက်ပျိုးမြေ၊ ရေနှင့်စားနပ်ရိက္ခာ ပေါများသည့် ဒေသ တစ်ခုဖြစ်ကြောင်း၊ ရရှိသည့် လျှပ်စစ်ဓာတ်အားကို အသုံးပြုပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ကုန်ချော ထုတ်လုပ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး အတွက် အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥများကို စားသုံးရန် လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတိုင်းရင်းသား ပညာတတ်များ မွေးထုတ်ရန်လို အပ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တပ်မတော်အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများမရှိစေရေး အားလုံးမှဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရန်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက်ထုတ်ပြန်ချက် ကြေညာခဲ့ပြီး တစ်လတာကာလ ကျော်လွန်ချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်တစ်ချို့မှ ကတိက၀တ်များချိုးဖောက်သည်ကို တွေ့ရှိရကြောင်း၊ ငြိမ်းချမ်းရေးအတွက် NCA လမ်း ကြောင်းအတိုင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြရန် လမ်းဖွင့်ပေးထားကြောင်း၊ တိုင်းပြည်ငြိမ်းချမ်း မှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ပြည်သူများမှ ရွေးချယ်သည့် ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းနေချိန်၌ စည်းကမ်းရှိသည့် ဒီမိုကရေစီဖြစ်စေရန်အတွက် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးရရှိရန် အရေးကြီးကြောင်းရှင်းလင်းပြောကြားသည်။
-

-
ထို့နောက်တပ်တော်ကာကွယ်ရေးဦးစီးချုပ်နှင့်ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ကာကွယ်ရေးဦးစီးချုပ်(လေ)တို့က ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အင်းတော်ကြီး အတွင်းရှိ ရွှေဉ္ဖူဘုရားအား သွားရောက်ဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့မှ လက်ခံရ ယူပြီး ဘုရားကြီး၏ ဓာတ်ပုံနှင့်ဘုရားသမိုင်း စာအုပ်အား ဓမ္မလက်ဆောင် အဖြစ် ပြန်လည် ပေးအပ်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီ တော်ကြီးအားလက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့မှ တာဝန်ရှိသူများ အား စေတီတော်ကြီးကို စနစ်တကျ ပြုပြင်မွမ်းမံရန် လိုအပ်မှု အခြေအနေနှင့် တပ်မတော်မှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများအား ဆွေးနွေး ပြောကြားသည်။
-


-
ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ ရွှေမိုးတောင်ပေါ်ရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီ တော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ရွှေမိုးတောင် ဓမ္မာရုံ၌ ပြည်နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ၀န်းသို ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပန္တိတ ဘဒန္တကေတုမာလာအမှူးပြုသော ဆရာတော် သံဃာတော်များ အား ဖူးမြော်ကန်တော့ကာ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ရွှေမိုးတောင် စေတီတော် မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment