Pages

Wednesday, January 2, 2019

သမဝါယမ အသင်းသားများအား CHINA EXIM BANK မှ ချေးငွေထုတ်ချေးပေး

သမဝါယမ အသင်းသားများအား China Exim Bank မှ ချေးငွေထုတ်ချေးပေး
-
ကြို့ပင်ကောက် ဇန်နဝါရီ ၁ 
-
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် သမ၀ါယမဦးစီးဌာနနှင့် သမဝါ ယမအသင်းစု လီမိတက်တို့အနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘ၀ တိုးတက် မြင့်မားရေးအတွက် အခြေခံ သမဝါယမအသင်း ၂၇၃ သင်းမှ အသင်း သား ၁၄၃၉၈ ဦးအား China Exim Bank ချေးငွေကျပ် ၁၉၁ ဒသမ ၆၁ သန်းကို ဇူလိုင်လက ဒသမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ရာ ယနေ့အချိန်ထိ အသင်းသားများ ပြန်လည် ပေးဆပ်ငွေကျပ် ၉၈ ရာခိုင်နှုန်း လက်ခံရရှိပြီးဖြစ်ကြောင်း မြို့နယ်သမဝါယမ အသင်းစု လီမိတက်မှ သိရသည်။ 
-
''ကျွန်တော်တို့ အသင်းစုဒါရိုက်တာ အဖွဲ့ဝင်တွေရယ် သမဝါယမဦးစီးဌာနက တာဝန်ရှိသူတွေ ရယ်ပူးပေါင်းပြီး ဒသမအကြိမ် ချေးငွေတွေ အပြည့်အဝ ပြန်လည်ကောက်ခံနိုင်ဖို့၊ ကွင်းဆင်း စည်းရုံး ဆောင်ရွက်နေပါတယ်။ 
-
(၁၁) ကြိမ် မြောက် ချေးငွေတွေကိုလည်း ဇန်နဝါရီ ၁၄ ရက် လောက်မှာ ထုတ်ချေးပေးသွားမှာပါ''ဟု မြို့နယ်သမဝါယမအသင်းစု လီမိတက် ဥက္ကဋ္ဌက ပြောသည်။ ကြို့ပင်ကောက်မြို့၌ ၂ဝ၁၄ ခုနှစ်ကစတင်ပြီး ကျေးရွာအခြေခံ သမဝါယမအသင်း ၃၂ သင်းကို China Exim Bank ချေးငွေမှ ထုတ်ချေးပေးခဲ့ရာ ယခု (၁၁)ကြိမ်မြောက်တွင် ကျေးရွာအခြေခံ သမဝါယမအသင်း ၂၇၃ သင်းအထိ တိုးတက်လာပြီး ကျေးရွာပြည်သူ ၁၄၀၀၀ ခန့်၏ လူမှု စီးပွားဘ၀ကို အထောက်အကူ ပြုပေးလျက်ရှိကြောင်း သိရသည်။ 
-
ဇေယျာထွန်း(ကြို့ပင်ကောက်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment