Pages

Thursday, January 3, 2019

အာဟာရချို့တဲ့ ကလေးငယ်များအတွက် အသင့်စား မြေပဲယိုများ ဆက်လက် ပေးဝေ

-
ရန်ကုန်  ဇန်နဝါရီ  ၂ 
-
ရန်ကုန်တိုင်း ဒေသကြီးအတွင်း  လတ် တလော အာဟာရချို့တဲ့ကလေးငယ်များ အတွက် အသင့်စားမြေပဲယိုများကို  ကျန် မြို့နယ်ပေါင်း ၁၅ မြို့နယ်၌ ဆက်လက်ပေး ဝေမည်ဖြစ်ပြီး အဓိကအားဖြင့် ငါးနှစ်အောက် ကလေးငယ်များ အတွက်ဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန အာဟာရ  ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ဒုတိယ ညွှန်ကြား ရေးမှူး ဒေါက်တာလွင်မာလှိုင်ထံမှ သိရသည်။ 
-
ယင်းအစီအစဉ်ကို  ယူနီဆက်၏ပံ့ပိုး မှုဖြင့် မြို့နယ်ပေါင်း ၁၇ မြို့နယ်အနက်မှ လှိုင်သာယာမြို့နယ်နှင့်    ရွှေပြည်သာ မြို့နယ်တို့၌   ပေးဝေခဲ့ပြီးဖြစ်၍ ယခုကျန်ရှိ သည့်မြို့နယ်တို့၌ ဆက်လက်ပေးဝေခြင်းဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်ကို မကွေး တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်  ရခိုင်ပြည်နယ်တို့၌    ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ  ယခု  ရန်ကုန်တိုင်း ဒေသကြီး ၌ ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ''အာဟာရချို့တဲ့မှုရှိနိုင်တဲ့ ကလေးငယ်တွေကို လက်မောင်း ပတ်တိုင်းပြီး ဒီအပေါ် မူတည်ပေးဝေမှာ ဖြစ်ပါတယ်။  ရန်ကုန်မှာတော့ နှစ်မြို့နယ်ကို ပေးဝေပြီးပါပြီ။ ကျန် မြို့နယ် ၁၅ မြို့နယ်မှာ ပေးဝေဖို့ လုပ်ဆောင်နေတာပါ။ အခုသင်တန်းတွေလည်း ပေးနေပါတယ်''ဟု ဒေါက်တာ လွင်မာလှိုင်ကပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လတ်တလော အာဟာရချို့တဲ့သည့် ကလေးငယ် ၁၃ ရာခိုင်နှုန်းခန့်ရှိနေပြီး ငါးနှစ် အောက် ကလေးငယ် ၁ဝဝ တွင် ၁၃ ဦးခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်းနှင့်  ရန်ကုန်တိုင်း ဒေသကြီး    ကျန်းမာရေး ညွှန်ကြားချက်ဖြင့် အာဟာရလိုအပ်ချက် ရှိနေသော မြို့နယ်များရှိ ကလေးငယ် များကို ယခုကဲ့သို့ ပေးဝေခြင်း ဖြစ် ကြောင်းသိရသည်။ 
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment