Pages

Tuesday, January 29, 2019

ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရ ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရ ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး
-
နေပြည်တော် ဇန်နဝါရီ ၂၈ 
-
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် UNICEF အမှုဆောင် ညွှန်ကြားရေးမှူး Ms. Henrietta H. Fore အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 
-
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် UNICEF တို့အကြား ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး UNICEF ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. June Kunugi နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment