Pages

Monday, January 7, 2019

ဆေးလိပ်ငွေ့ ကင်းစင်ရေး လူထုလှုံ့ဆော် လှုပ်ရှားပွဲ ကျင်းပ

ဆေးလိပ်ငွေ့ ကင်းစင်ရေး လူထုလှုံ့ဆော် လှုပ်ရှားပွဲ ကျင်းပ
-
ရန်ကုန်   ဇန်နဝါရီ   ၆ 
-
ဆေးလိပ်ငွေ့ကင်းစင် ကျောက်တံတား မြို့နယ်တစ်ခွင် ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် လူထုလှုံ့ဆော် လှုပ်ရှားပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပသည်။ အခမ်းအနားတွင် ဆေးလိပ်သောက်ခြင်းကြောင့် ရရှိသည့်  ဆိုးကျိုးများ၊ ဆေးလိပ်သောက်သုံးခြင်းမရှိသော်လည်း ဆေးလိပ်ငွေ့အား တစ်ဆင့်ခံရရှိသူများ၏ ဆိုးကျိုးများနှင့် ပတ်သက်သည့် ပြခန်းများကိုပြသထားသည်။
-
အဆိုပါဆေးလိပ်ငွေ့ကင်းစင်ရေး စီမံချက်သည် ဆေးလိပ်သောက်သူများမှ ထွက်ရှိသော ဆေးလိပ်ငွေ့များ ပတ်ဝန်းကျင်ရှိ အများပြည်သူ၏ ကျန်းမာရေးကို မထိခိုက်စေရန် စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့သည်လည်း ကိုယ်တိုင်သောက်သူများကဲ့သို့ အဆိပ်အတောက် ဓာတုပစ္စည်းများစွာ ပါဝင်ခြင်းကြောင့် ကလေးသူငယ်များအား ချောင်းဆိုး၊ ရင်ကျပ်၊ ပန်းနာ၊ အသက် ရှူလမ်းကြောင်း ရောဂါများ၊ နားရောင်ရမ်းခြင်း၊ တစ်နှစ်အောက် ကလေးများ ရုတ်တရက် သေဆုံးခြင်းများဖြစ်စေကြောင်း၊ အလားတူ လူကြီးများတွင်လည်း   အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်အလေးချိန်မပြည့်သော ကလေးမွေးဖွားခြင်းတို့ ဖြစ်စေသည့်အပြင် နာတာရှည်အဆုတ်ရောဂါ၊ လည်ချောင်းကင်ဆာ၊  အသံအိုးကင်ဆာ၊ အမျိုးသမီးများတွင် သားမြတ်ကင်ဆာတို့ ဖြစ်စေကြောင်းသိရသည်။
-
ကမ္ဘာတစ်ဝန်း အမျိုးသမီးဦးရေ၏ သုံးပုံတစ်ပုံနှင့် အမျိုးသားဦးရေ၏ ငါးပုံတစ်ပုံသည် တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်နေကြရသည်။ ၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ အမျိုးသမီး ၅၇ဝဝဝဝ၊ အမျိုးသား ၃၁ဝဝဝဝ မှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် သေဆုံး နေရကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုကြောင့်  နှစ်စဉ်လူပေါင်း ၆၅၆၅ဝ ဦး သေဆုံးလျက်ရှိကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment