Pages

Monday, January 14, 2019

မန္တလေးတိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဖြတ် ပြီးသူများ ပြန်လည် ထူထောင်ရေး၊ နားမကြားသော ကလေးများ ကျောင်းအတွက် အလှူငွေ လက်ခံခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဖြတ် ပြီးသူများ ပြန်လည် ထူထောင်ရေး၊  နားမကြားသော ကလေးများ ကျောင်းအတွက် အလှူငွေ လက်ခံခြင်းနှင့်  လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်
-
မန္တလေး  ဇန်နဝါရီ  ၁၃
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးသည် မန္တလေးမြို့ ပြန်လည်ထူထောင်ရေးစခန်း၌ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး သင်တန်းရှိ   သင်တန်းသားများအားတွေ့ဆုံ အားပေးခြင်း၊ နားမကြားသော ကလေးများကျောင်းသို့  အလှူငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်းနှင့်  တံတားဦးမြို့နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး အတွက်  ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်သည်။
-
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ပြန်လည် ထူထောင်ရေးဦးစီးဌာန မန္တလေးပြန်လည် ထူထောင်ရေး စခန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက စခန်း၏ဆောင်ရွက်ချက်များနှင့်  လိုအပ်ချက်များကို တင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက မူးယစ် ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေး သင်တန်းရှိ သင်တန်း သားများအား တွေ့ဆုံ၍  ဝန်ကြီးဌာနအနေဖြင့်ပြန်လည်ထူထောင်ရေးသင်တန်းများ   ပိုမိုထိရောက်အကျိုးရှိ စေရန်  သင်တန်းကာလကို    တိုးမြှင့်လေ့ကျင့်ပေးပြီး အလုပ်အကိုင် အခွင့် အလမ်း များ ဖော်ဆောင် ပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန် စစ်ဆေးကုသပေးနိုင်ရေး၊ မူးယစ်သံသရာ ပြန်မလည်စေရန်  မိသားစုနှင့် ပတ်ဝန်းကျင် အတွင်း ပြန်လည်ဝင်ဆံ့နိုင်စေရန် အားလုံး ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး တို့ကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများ၏ လိုအပ်ချက် များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
-
ဆက်လက်၍ မန်းတောင်ခြေဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေကျပ်  ၁၁၅၄၇ဝဝဝ၊  ဘိုးဘွားများ အတွက်  အသုံးအဆောင် ပစ္စည်းများနှင့်  အာဟာရမုန့်များလှူဒါန်းကြသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးမြို့ရှိ   နားမကြားသောကလေးများကျောင်းသို့  Kyoshin Co.,Ltd. က လှူဒါန်းသည့် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်သည်။ ဆက်လက်၍   Kyoshin   Company ၊ Chairman, Mr. Sadaaki Tachiki က နှစ်စဉ်အလှူငွေများ လှူဒါန်းရ ခြင်းနှင့် ပတ်သက်၍ ပြောကြားပြီး  အလှူငွေ အမေရိကန်ဒေါ်လာ၁ဝဝဝဝ ကိုပေးအပ်ရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်း လွှာ ပြန် လည် ပေးအပ်ခဲ့သည်။
-
မွန်းလွဲပိုင်းတွင်  ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် တံတားဦးမြို့နယ်အတွင်းမှ စကားအင်းကျေးရွာ၊ ပန်ယျ ကျေးရွာနှင့်  ငါးဇင်ရိုင်းကျေးရွာတို့ရှိ အသက်  ၈၅နှစ် နှင့်အထက် ဘိုးဘွားများနှင့်မသန်စွမ်းများ အတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ခြင်း၊ အသက်  ၈၅ နှစ်နှင့် အထက် ဘိုးဘွား  ၆၉၄  ဦး အတွက်  လူမှုရေး ပင်စင် ထောက်ပံ့ငွေကျပ်  ၂ဝ၈၂ဝဝဝဝ၊  မသန်စွမ်း ၃၂ဝ  ဦးအတွက် ထောက်ပံ့ငွေကျပ် ၉၆ဝဝဝဝဝ၊ မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ်၂၅ဝ၈၁ဝဝ၊ကလေးငယ်များအတွက် ကစားစရာ အရုပ်များနှင့် အာဟာရမုန့်များ ပေးဝေခဲ့ရာ ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment