Pages

Tuesday, January 29, 2019

မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ် အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

-
နေပြည်တော် ဇန်နဝါရီ  ၂၈ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည်ဇန်နဝါရီ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် စီပိန်းကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ စုပုံထားသော တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ ၅ ဒသမ ၃ တန်ခန့်အား လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မြစ်ဆုံကျေးရွာ၏ အရှေ့ဘက် ၁ဝ မိုင်ခန့်အကွာ၌ စုပုံထားသော တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း ၁၂ ဒသမ ၆ တန်ခန့်အား လည်းကောင်း ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
-
အလားတူ မိုးမိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် မိုးလိုကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ စုပုံထားသော တရားမဝင်ကျွန်းသစ်လုံး ဆိုဒ်စုံ ၃ ဒသမ ၅ တန် ခန့်အား  ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါသိမ်းဆည်းရမိ တရားမဝင် သစ်များအား မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနများသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment