Pages

Monday, January 21, 2019

ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာနေ ရွာသူရွာသားများ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်

ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာနေ ရွာသူရွာသားများ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်
-
နေပြည်တော် ဇန်နဝါရီ  ၂ဝ
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာအုပ်စု၊ နန်ဆန်ယန် ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် ကျေးရွာအတွင်းရှိ နေအိမ်များနှင့် ပတ်ဝန်းကျင်တစ်ဝိုက်၌ ဒေသခံပြည်သူများ အန္တရာယ်မရှိစေရန် မိုင်းရှင်းလင်းရေးနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
-
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ကချင် ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊  မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများကသွားရောက်ကြည့်ရှု၍  ကျေးရွာနေ ရွာသူရွာသားများ ပြန်လည်နေထိုင်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်ပေးခြင်း၊ နေအိမ်များ ပြန်လည်နေထိုင်နိုင်ခြင်း ရှိ၊မရှိ၊ လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေ ရရှိရေး၊ပညာရေး၊ကျန်းမာရေးစသည့် ကိစ္စရပ်များ ဆောင်ရွက်ပေးရန်နှင့် ထပ်မံ၍ ပြန်လည်နေထိုင်လိုသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ အခြေချနေထိုင်နိုင်ရေးတို့အတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း  သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ



No comments:

Post a Comment