Pages

Friday, January 11, 2019

တာလေမြို့နယ် မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ၏ သက်တော် ၆၁ နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော် မင်္ဂလာပြုလုပ်

-
နေပြည်တော် ဇန်နဝါရီ ၁ဝ
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့နယ် မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ၏ သက်တော် ၆၁ နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင်မိုင်းလင်းကျေးရွာ အုပ်စုရှိ ဓါတ်စွပ်စိုင့်ဟိုနမ့် ကမ္မဋ္ဌာန်းကျောင်းတိုက်၌ ပြုလုပ်ရာ သံဃာတော် ၁၁ဝ ပါး ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
-
တာလေမြို့နယ် မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ၏ သက်တော် ၆၁ နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော် မင်္ဂလာပြုလုပ်
-
ဦးစွာ တိုင်းမှူးနှင့် အလှူရှင်များက ကြွရောက်လာကြသော သံဃာတော်များအား လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လောင်းလှူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများကမိုင်းလင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က သံဃာတော် ၄၂ ပါးနှင့်ဒေသခံပြည်သူ ၂၅၃ ဦးတို့ကို အဆိုပါ ကျောင်းတိုက်၌ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊အစာအိမ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်  ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment