Pages

Wednesday, January 2, 2019

ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များယှဉ်ပြိုင်

ဝန်ကြီးဌာနပေါင်းစုံ  ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များယှဉ်ပြိုင်
-
နေပြည်တော် ဇန်နဝါရီ ၁ 
-
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ယှဉ်ပြိုင်ကြသည်။ ကွာတား ဖိုင်နယ်ပွဲစဉ်များတွင် အုပ်စု(ဃ)ဒုတိယ နယ်စပ်ရေးရာ အသင်းနှင့် အုပ်စု(က)ပထမ ကျန်းမာရေးနှင့် အားကစား အသင်းတို့  ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့်နယ်စပ်ရေးရာအသင်းကလည်းကောင်း၊ အုပ်စု(ခ)ပထမ ဗဟို ဘဏ် အသင်းနှင့် အုပ်စု(ဂ) ဒုတိယ လျှပ်စစ်နှင့် စွမ်းအင်အသင်းတို့ ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့် ဗဟိုဘဏ် အသင်းက လည်းကောင်း၊ အုပ်စု(ဂ)ပထမပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အသင်းနှင့် အုပ်စု(ခ)ဒုတိယ  ပညာရေး အသင်းတို့ ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အသင်းက လည်းကောင်း၊ အုပ်စု(ဃ)ပထမ ပြည်ထဲရေး အသင်းနှင့်အုပ်စု(က) ဒုတိယ ကာကွယ်ရေးအသင်းတို့ ယှဉ်ပြိုင်ကြရာ နှစ်ပွဲပြတ်ဖြင့်  ပြည်ထဲရေးအသင်းက လည်း ကောင်း အနိုင်ရရှိသည်။ 
-
ကွာတားဖိုင်နယ် ပွဲစဉ်များအပြီးတွင် နယ်စပ်ရေးရာ အသင်း၊ ဗဟိုဘဏ်အသင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အသင်း၊ ပြည်ထဲရေး အသင်းတို့က ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ ဇန်နဝါရီ ၂ ရက် (ယနေ့)တွင် ဆီမီးဖိုင်နယ် ပွဲစဉ်၊ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို တစ်ရက်တည်း ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။ 
-
ဇော်မျိုး (နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment