Pages

Wednesday, January 2, 2019

မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်

မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်
-
ဝန်းသို   ဇန်နဝါရီ   ၁ 
-
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်  ပညာရေးမှူးရုံးက ကြီးမှူး၍ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့မအားကစားကွင်း၌ ကျင်းပသည်။ ရှေးဦးစွာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 
-
ယင်းနောက် ဝန်းသိုမြို့နယ် ပညာရေးနယ်မြေ ကျောင်းအုပ်စု ရှစ်အုပ်စုမှ အားကစားမောင်မယ်များက မူလတန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးဘော်လီဘော ပြိုင်ပွဲ၊ အပြေးမီတာ (၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ)ပြိုင်ပွဲ၊ အခုန်၊ အလျား၊ အမြင့်ပြိုင်ပွဲများ၊ အလယ်တန်းအဆင့်တွင် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်မီတာ(၁၅ဝဝ၊ ၈ဝဝ၊ ၄ဝဝ၊ ၂ဝဝ၊ ၁ဝဝ)ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ -
ယင်းပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment