Pages

Wednesday, January 30, 2019

မြန်မာ- ဆားဘီးယား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

မြန်မာ- ဆားဘီးယား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
-
နေပြည်တော်  ဇန်နဝါရီ  ၂၉ 
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် ဆားဘီးယား သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Ivica Dacic အား   ယနေ့နံနက် ၁ဝ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ 
-
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးစွာ ထိတွေ့ဆက်ဆံခဲ့သည့် သမိုင်းကြောင်း နှင့်အညီ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြားတည်ထောင်ထားရှိသည့် နိုင်ငံခြားရေး ဝန်ကြီးဌာနများ အကြား ညှိနှိုင်းဆွေးနွေးပွဲများ  ပုံမှန်ကျင်းပသွားရေး၊  နိုင်ငံတကာမျက်နှာစာ၌  နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များတွင်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များနှင့် သတင်း မီဒီယာ ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များကို  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ 
-
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment