Pages

Tuesday, January 22, 2019

တိုက်ကြီး မြို့နယ်၊ ဥက္ကံမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တိုက်ကြီး မြို့နယ်၊ ဥက္ကံမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဇန်နဝါရီ ၂၁ 
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစု ဝင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အနော်ရထာ ရပ်ကွက်ရှိ ရွှေကံသာခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင် ၁၂၅ ဦး၊ ဒေသခံ ပြည်သူ ၇ဝ ဦး တို့ကို သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ ပန်းနာရင်ကျပ် ရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါ တို့ နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှု များဆောင်ရွက် ပေးသည်။ ထို့နောက် ဆေးကုသရေးအဖွဲ့က ခံတွင်း ကင်ဆာနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာ ပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment