Pages

Wednesday, January 2, 2019

ဗန်ကောက်မြို့၌ ၁၂ နိုင်ငံမှ သံဃာတော်များနှင့် ပြည်သူများက နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာ ပို့သခြင်း အခမ်း အနား ကျင်းပ

ဗန်ကောက်မြို့၌ ၁၂ နိုင်ငံမှ သံဃာတော်များနှင့် ပြည်သူများက နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာ ပို့သခြင်း အခမ်း အနား ကျင်းပ
-
ရန်ကုန် ဇန်နဝါရီ ၁ 
-
နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်များ ပါဝင်သည့် နှစ်သစ်ကူးအကြို  ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားကို  ယမန်နေ့ ည ၁၁ နာရီမှစတင်ကာ   ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ    ဆာနမ်လွန်၌ကျင်းပသည်။ နှစ်သစ်ကူးအကြို ဆုတောင်း မေတ္တာပို့သခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ဦးဆောင်သော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး  ၁၆ ပါး၊ ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များ၊  တိပိဋက ဆရာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သံဃနာယက ဆရာတော်များ အပါအဝင် သံဃာတော်စုစုပေါင်း ၃၁ ပါးနှင့်သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုနှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံလုံးဆိုင်ရာ  ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့်  နယ်စပ် တောင်တန်း ဒေသ သာသနာနုဂ္ဂဟအသင်းဗဟို(ဥက္ကဋ္ဌ) ဝဏ္ဏ ကျော်ထင် ဒေါက်တာ ခင်ရွှေနှင့် အဖွဲ့ဝင်များ အပါအဝင် လူပုဂ္ဂိုလ် စုစုပေါင်း  ၂၆ ဦးတို့နှင့် ၁၂ နိုင်ငံမှ သံဃာတော်များ အပါအဝင် ထိုင်းနိုင်ငံ သာသနာရေး ဝန်ကြီးဌာန  ဝန်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ကြသည်။ 
-
ထိုင်းနိုင်ငံ  Sanam Luang Pavilion တွင် ကျင်းပသည့် The New Year's Eve Chanting  & Meditation for Happiness in 2019  (ဗုဒ္ဓဘာသာဝင်များ၏နှစ်သစ်ကူးအကြို  ဆုတောင်းမေတ္တာ ပို့သခြင်း အခမ်းအနား)ကို နိုင်ငံ ပေါင်း ၁၂ နိုင်ငံမှ သံဃာတော် များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများ စုပေါင်း ကျင်းပကြခြင်း ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment