Pages

Thursday, January 17, 2019

ရပ်စောက်မြို့၊ အမှတ်(၁ဝ) အခြေခံပညာ မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ရပ်စောက်မြို့၊ အမှတ်(၁ဝ) အခြေခံပညာ မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများ အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၁၆ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ မြောက်ကွက်သစ် ရပ်ကွက်ရှိ အမှတ်(၁ဝ)အခြေခံပညာ မူလတန်း ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊  နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင်  ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၉၂ ဦးတို့ကို သွားနှင့် ခံတွင်း ရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊  အစာအိမ် ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း  သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment